Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် ကျင်းပ

$
0
0

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
M-Media
ချို

9454_10201179572602448_1212896253_n

မန္တလေး ။      ။       (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် (တတိယအကြိမ်) တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် တစ်ရပ်အား မန္တလေးမြို့၊ ၃၅လမ်းပေါ်ရှိ ရှမ်းတိုင်းရင်းသား သာမှုနာမှု ခန်းမကွင်းပြင်၌ ဖေဖော်ဝါရီ ၉-ရက်နေ့မှ ၁၁-ရက်နေ့အထိ (၃)ရက်တိုင် ညနေ ၆း၀၀-နာရီမှ ည ၁၁း၀၀ နာရီထိ ကျင်းပလျက်ရှိသည်။

ကချင်၊ ကယန်း၊ ကရင်၊ ကိုးကန့်၊ ချင်း၊ တအောင်း၊ ပအိုဝ်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ အင်းသား၊ ရှမ်းနီ၊ နာဂ၊ ၀ လူမျိုးတို့၏ ဒေသ ထွက်ကုန်များ၊ ရိုးရာ အသုံးအဆောင်များ ရောင်းချခဲ့ကြပြီး၊ တိုင်းရင်းသား ရိုးရာအကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဟုသိရပါသည်။

အဆိုပါပွဲအား တိုင်းရင်းသား လူမျိုးများအနေဖြင့် မိမိတို့ ချစ်ခင်မြတ်နိုးသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ပြသပြီး မပျောက်မပျက် စေရန် အမြဲထိန်းသိမ်း စောင့်ရှောက်နိုင်ရန်၊ တိုင်းရင်းသားလူမျိုး အချင်းချင်း ပိုမိုနားလည်မှုရှိခြင်း၊ အပြန်အလှန်လေးစားခြင်း၊ ကူညီရိုင်းပင်းခြင်း အခြေခံသည့် ပြည်ထောင်စု စိတ်ဓာတ် အမြဲကိန်းအောင်းနေရန်၊ တိုင်းရင်းသားလူမျိုးများ ဥမကွဲ သိုက်မပျက် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုကြီး အမြဲ ရှင်သန်နေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။


Viewing all articles
Browse latest Browse all 15237

Trending Articles