Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ဗီဒစ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု အင်တာအတည်ပြုပြောကြား

$
0
0

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၄
M-Media
366149_heroa
- ယခုနှစ်ရာသီကုန်လျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည့် မန်ယူနောက်ခံလူ ဗီဒစ်အား ခေါ်ယူရန် မိမိတို့ အနေဖြင့် စိတ်ဝင်စားနေသည်ဟု အင်တာမီလန်အသင်း၏ ဒါရိုက်တာ ပီရို အော်စီလီယိုက ၀န်ခံပြောကြားခဲ့သည်။

မန်ယူအသင်း၏ အဓိကနောက်ခံလူဗီဒစ်က ၎င်းအနေဖြင့် မန်ယူအသင်းနှင့် သက်တမ်းတိုးတော့မည်မဟုတ်ဟု ယခုတစ်ပတ်အတွင်း ပြောကြားခဲ့သောကြောင့် အင်တာအသင်းက လက်ဦးမှုရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“လာမယ့်ဇွန်လမှာ စာချုပ်ပြည့်တော့မယ့် ဗီဒစ်ဟာ အရေးပါတဲ့ ကစားသမား တစ်ဦးပါ။ ဥရောပက အခြားကလပ်တွေလိုပဲ ဒီအခွင့်အရေးကောင်းကို ရယူဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု အော်စီလီယိုက Tuttosport အားကစား စာစောင်သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဗီဒစ်မှာ ၎င်းတို့ရှာဖွေနေသည့် ကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်း၊ ဗီဒစ်၏ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများကြောင့် အင်တာအသင်းက စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နည်းပြမိုယက်စ်ကလည်း ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် အသင်းရှိ အဓိက ကစားသမားအချို့ကို လက်လွှတ်ဖွယ်ရှိနေသည်။

Ref: Goal


Viewing all articles
Browse latest Browse all 15237

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း