Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့တွင် အစိုးရနှင့် အတိုက်အခံတို့ အပစ်ရပ်ရေး သက်တမ်းတိုး၊ ပိတ်နေသူ ၆၀၀ အား ကယ်ထုတ်နိုင်ခဲ့

$
0
0

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
M-Media
Hundreds evacuated from Homs in Syria
- ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သုံးရက်ထပ်မံ၍ သက်တမ်းတိုးခဲ့ပြီးနောက် ဟုမ်းစ်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူ ၆၀၀ ကျော်အား ထပ်မံကယ်ထုတ်နိုင်ခဲ့သည်ဟု NGO အဖွဲ့များက ပြောကြားခဲ့သည်။

မော်တာဖြင့်တိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများ ရှိနေခဲ့သော်လည်း အကူအညီပေးရေးအဖွဲ့များက ယမန်နေ့တွင် ကယ်ဆယ်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိနေသည့် ပြည်သူမျာကိုလည်း ဆက်လက် ကယ်ဆယ်သွားမည်ဟုသိရသည်။

၁၈ လကျော်ကြာ နှစ်ဘက်တိုက်ခိုက်မှုများကြောင့် ဟုမ်းစ်မြို့တွင် ပိတ်မိနေသည့် လူဦးရေမှာ ၃၀၀၀ ခန့်ရှိပြီး ပြီးခဲ့သည့် သောကြာနေ့ကလည်း ပြည်သူ ၈၂ ဦးကို ပထမဆုံး အဖြစ် ကယ်တင်နိုင်ခဲ့သည်။

ယမန်နေ့တွင် ကယ်ထုတ်နိုင်ခဲ့သူများမှာ ၆၁၁ ဦးဖြစ်ပြီး အမျိုးသမီး ၂၁၀၊ ကလေး ၁၈၀ နှင့် အသက် ၅၀ ကျော် အမျိုးသား ၉၁ ဦးနှင့် လူငယ် ၁၃၀ တို့ ဖြစ်ကြသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများမှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွင်း သဘောတူညီမှုကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

ဟုမ်းစ်မြို့မှာ ပြည်တွင်းစစ် မဖြစ်ပွားခင် အစိုးရဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူများ အခြေစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး ယခုအခါ နှစ်ဘက် တိုက်ခိုက်မှုများကြောင့် မြို့ပျက် သဖွယ် ဖြစ်နေခဲ့သည်။
Ref: Aljazeera


Viewing all articles
Browse latest Browse all 15237

Trending Articles