Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ပြည်မှာ ကျင်းပခဲ့တဲ့ မဟာ တမန်တော်နေ့ အခမ်အနား အလွှာစုံမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ

$
0
0

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
M-Media
လမင်း

14846_660169874025486_793140387_n
ပြည်  ။     ။ အစ္စလာမ်ဘာသာ၏ ဟစ်ဂျရီပြက္ခဒိန်အရ ရဗီအွလ်အောင်ဝလ်လ (၁၂)-ရက်နေ့တွင် ကျရောက်သော တမန်တော်မုဟမ္မ ဒ်သခင်၏ မွေးနေ့မဟာ အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ၉-ရက်နေ့တွင်လည်း ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအခမ်းအနားသို့ ဘာသာပေါင်းစုံမှ  လွှတ်တော်အမတ်များ၊ သာသနာရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများ၊ ဘာသာရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် ဓမ္မမိတ်ဆွေများ တက်ရောက်ခဲ့ကြပါသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ပဲခူးတိုင်းအတွင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘာသာကြီးလေးခုအား လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားကြောင်း၊ ဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးတာကို တွေ့ရလို့ ၀မ်းသာကြောင်း တိုင်းဒေသကြီးသာသနာရေးရုံး လက်ထောက်ညွန်ကြားရေးမှုး ဦးထွန်းမြင့်ဦး ကပြောကြားခဲ့သည်။

“ကျွန်တော်တို့မြန်မာပြည်မှာ ဘာသာကြီးလေးခုကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပါတယ်။  ပဲခူးတိုင်းမှာ အခုလိုတက်ရောက်တာ ပထမဆုံးပါပဲ။ ရန်ကုန်မှာလည်း ပြည်ထောင်စု ၀န်ကြီးကိုယ်တိုင် မဟာ တမန်တော်နေ့အခမ်းအနားများကို အခါအားလျော်စွာ တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။ အခုလို တစ်ဘာသာနဲ့တစ်ဘာသာ ချစ်ချစ်ခင်ခင်ရင်းနှီးတာကိုတွေ့ရတော့ ၀မ်းသာမိပါတယ်” ဟု ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံမှာရှိတဲ့လူတွေဟာ နေ့စဉ်သက်ရှိသတ္တ၀ါတွေကို မေတ္တာပို့သနေတာပါ။ လူသားအားလုံးဟာ အိမ်ထောင်စု တစ်ခုတည်းဖြစ်တယ်လို့ မဟာတမန်တော်မြတ်ကြီးက မိန့်ကြားခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပါတယ်။ သွေးမတူပေမဲ့ စိတ်တူဖို့လိုတယ်လို့ တမန်တော်မြတ်ကြီးက ပြောခဲ့တယ်။ အဲဒီစကားကို လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ပြောကြားခဲ့တယ်” ဟု အစ္စလာမ့်ဓမ္မဗိမာန်မှ ဓမ္မကထိက အလ်ဟာဂ်ျဦးအေးလွင် ကပြောကြားခဲ့ပါသည်။

ထို့နောက် တမန်တော် မုဟမ္မဒ်သခင်အား ချီးကျူးဂုဏ်ပြုသည့် ဓမ္မတေးလကာင်္ရွတ်ဆိုပြိုင်ပွဲများပြုလုပ်ခဲ့ကြသည်။


Viewing all articles
Browse latest Browse all 15237

Trending Articles