Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ဂျာမဏီသမ္မတ မြန်မာပြည် အလည်ရောက်၊ မြန်မာမှ ပေးရန်အကြွေး ၅၀% လျော်ပေးရန် သဘောတူ

$
0
0

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
M-Media

German
- မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံကို ပေးဆပ်ရန်ရှိသည့် အကြွေးများ၏ ၅၀ ရာခိုင်နှုန်းကို လျော်ပေးရန်အတွက် ဂျာမနီနှင့် မြန်မာနိုင်ငံတို့ ယမန်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂျာမနီသို့ပေးဆပ်ရန်ရှိသည့် အကြွေး ယူရိုသန်း (၁၀၈၄) သန်းမှ ၅၀% ဖြစ်သော (၅၄၂) သန်းကို လျော်ပေးပြီး ကျန်ရှိသေည့် တဝက်သာ မြန်မာနိုင်ငံက ပေးဆပ်ရမည်ဖြစ်ပြီး၊ (၁၅) နှစ်အတွင်း အကြေ ပေးရမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် ပဲရစ်သဘောတူညီချက်အရ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးမှုများပြုလုပ်ပြီး နောက်ပိုင်း ထိုကဲ့သို့ ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး အခြားသာ သဘောတူညီချက် တော်တော်များများကိုလည်း စာချုပ်ချုပ်ဆိုခဲ့သည်။

ထိုသဘောတူညီချက်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အောင်မြင်မှုများ၊ နှစ်နိုင်ငံရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအား ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ခြင်းအားဖြင့် တိုးမြှင့်ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပေးရေး စသည်တို့ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြည်နယ်ရှိ အသေးစားနှင့် အလယ်အလတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး စသည်တို့နှင့် ပက်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ဂျာမန် သမ္မတမှာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်မှစ၍ (၂၆) နှစ်အတွင်း ပထမဆုံး လာရောက်သည့် ဂျာမန်သမ္မတလည်းဖြစ်သည်။

သုံးရက်ကြာ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

မြန်မာ-ဂျာမနီ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်လည်း မိန့်ခွန်းပြောကြားခဲ့ကာ ယနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

ကိုးကား- ဆင်ဟွာ
ဓါတ်ပုံ – သမ္မတရုံး ဝဘ်ဆိုဒ်


Viewing all articles
Browse latest Browse all 15237

Trending Articles