Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

အာဏာရှင်ဆာလေကို ဖြုတ်ချနိုင်ခဲ့သည့် ယီမင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် နိုင်ငံ တည်ထောင်မည်

$
0
0

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
M-Media

- တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတစ်ခုအဖြစ် ယီမင်နိုင်ငံအား ဒေသ ၆ ခုပါသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အဖြစ် တည်ထောင်ရန် သမ္မတဦးဆောင်သော အဖွဲ့က သဘောတူညီခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာန Saba က ဖော်ပြခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် နောက်ဆုံးသဘောတူညီချက်ကို ယီမင်ရှိ အဓိက နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်ပြီး သမ္မတ ရဘ်ဘူ မန်ဆူရ် ဟာဒီ ဦးဆောင်သည့်အဖွဲ့မှ ပြုလုပ်သော ယမန်နေ့အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့ကို ဒေသများ ခွဲဝေသတ်မှတ်ပြီး ဖွဲ့စည်းပုံအသစ်တွင် ထည့်သွင်းကာ တစ်နှစ်အတွင်း မဲပေးအတည်ပြုရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲပြီး ဇန်န၀ါရီလနှောင်းပိုင်းတွင် ဟာဒီက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံမြောက်ပိုင်းတွင် Azal၊ Saba၊ Janad နှင့်Tahama စသည့် ဒေသ ၄ ခု၊ နိုင်ငံတောင်ပိုင်းတွင် Aden နှင့် Hadramawt ဒေသနှစ်ခု စသဖြင့် ဖွဲ့စည်း ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ မြို့တော် ဆန်နာမှာမူ ဘယ်ဒေသတွင်မှ မပါဝင်ဘဲ ခြေခံဥပဒေအရ လွတ်လပ်ပြီး၊ သမာသမတ်ကျသည့် အထူး ဒေသတစ်ခုအဖြစ် ရှိနေမည်ဖြစ်သည်။

၁၉၆၇ ခုနှစ် ဗြိတိသျှကိုလိုနီစနစ် အဆုံးသတ်သွားကတည်းက ယီမင်တောင်ပိုင်းမှာ သီးခြား လွတ်လပ်သော နိုင်ငံတစ်ခုအနေဖြင့် တည်ရှိနေခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် မြောက်ပိုင်းနှင့် ပြည်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၄ နှစ်အကြာတွင် ခွဲထွက်ရေး ကြိုးပမ်းခဲ့ပြီး၊ ပြည်တွင်းစစ်များ ဖြစ်ခဲ့ကာ မြောက်ပိုင်းတပ်များမှ တောင်ပိုင်းအား သိမ်းပိုက်နိုင်ချိန်မှ အဆုံးသတ်ခဲ့သည်။ နိုင်ငံအား အလီအဗ္ဗဒူလာ ဆာလေ အာဏာရှင်ပုံစံဖြင့် နှစ်ပေါင်း ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဖြုတ်ချခြင်းခံခဲ့ရသည်။

Ref : Aljazeera


Viewing all articles
Browse latest Browse all 15237

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း