Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

သမိုင်းကို သိရုံနှင့်တင်မပြီးသေး သင်ခန်းစာတွေပါ ယူရမည်ဟု ပါမောက္ခ ဒေါက်တာစိုးနိုင်ပြော

$
0
0

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
M-Media
လင်းလင်း
???????????????????????????????
ရန်ကုန် ။     ။ သမိုင်းကိုသိရုံနှင့်တင်မပြီးသင်ခန်းစာယူရမယ့် အရာတွေဖြစ်တယ်လို့ ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ကျင်းပပြုလုပ်သော  စာပေဟောပြောပွဲ အခမ်းအနားတွင် မြန်မာစာ ပါမောက္ခ ဒေါက်တာစိုးနိုင်က ပြောကြားခဲ့သည်။

“စာပေဟောပြောပွဲဆိုတာ ပညာကို မျှဝေပေးတဲ့နေရာတစ်ခုဖြစ်တယ်။ အခုချိန်မှာ ပညာကို ရှာဖွေရတော့မယ်၊ နောက်ကျနေလို့ မရတော့ဘူး။ မ,အရအောင်လည်း သမိုင်းကို သိထားဖို့လိုအပ်နေပါပြီ။ ပညာညံ့နေဖို့ အခြေအနေက ခွင့်မပြုတော့ဘူး။ တမန်တော်မြတ်ကြီးက ပုခက်တွင်းကနေစပြီး သချိုင်းထိ ပညာကို သင်ကြားရမယ်လို့ မိန့်ကြားခဲ့တယ်။ ပညာဆိုတာ ဆုံးခန်းတိုင်တယ် မရှိပါဘူး။ ပညာတတ်မှ အရာရာကို နားလည်နိုင်မှာ ဖြစ်တယ်”ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လူငယ်များ အနေနှင့် မြန်မာ့သမိုင်းနှင့် အစ္စလာမ် သမိုင်းကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း၊ အမျိုးဘာသာကို ရှေ့တန်းမတင်ဘဲ တစ်ဘာနှင့် တစ်ဘာသာ ချစ်ခင် ရင်းနှီးမှုများရှိရန် လိုအပ်ကြောင်း၊ အစ္စလာမ် ဆန်ဆန်နေသင့်ကြောင်း၊ ဘိုးဘေးဘီဘင်များသည် မြန်မာ လူမျိုးများဖြစ်သည့် အတွက်လည်း မြန်မာ ဆန်ဆန်လည်းနေထိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း ရန်ကုန်တက္ကသိုလ်) မှ မြန်မာမွတ်စလင် လူငယ်များသို့ ခေါင်းစဉ်ဖြင့် “လူငယ်များတွင် ရှိသင့် ရှိထိုက်ရမည့် အရည်အချင်းများကို ဟောပြေခဲ့ပါသည်။ အခုချိန်မှာ လူကြီးတွေက လူငယ်တွေရဲ့အရေးကို စဉ်းစားပေးဖို့ အထူး လိုအပ်နေပါပြီ။ ပျိုရွယ်ခြင်းရဲ့တန်ဖိုးကို မအိုခင်မှာသိ ဟု တမန်တော်မြတ်ကြီးက မိန့်ကြားခဲ့တယ်။ လူငယ်တွေဟာ ငယ်ရွယ်စဉ်မှာ လုပ်နိုင်တာတွေ ပညာတွေကို ရှာဖွေနေရမယ်။ မြန်မာ မွတ်စလင် လူငယ်တွေ အရည်အချင်း ရှိဖို့ လိုအပ်နေပါပြီ” ဟုလူငယ်များသို့ ပညာပေးစကားများပြောကြားခဲ့ပါသည်။

လူငယ်တစ်ဦးတွင် ကျန်းမာရေးသည်လည်း မရှိမဖြစ် အထူး ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာသန်းဝင်းက ပြောကြားခဲ့ ပါသေးသည်။” လူငယ်တွေဟာ ဗလ ငါးတန်နဲ့ပြည့်စုံအောင်လို့ နေထိုင်ရမယ်။ ကျန်းမာရေးကောင်းမွန်မှ ကျန်တဲ့ အရာတွေကိုပြုလုပ်နိုင်မှာဖြစ်တယ်။ အစ္စလာမ် သာသနာက ဘယ်လောက်တောင်ပြည့်စုံသလဲဆိုရင် တစ်နေ့ကို ဆွလာသ် ငါးကြိမ် ၀တ်ပြုဖို့ တာဝန်ပေးထားတယ်။ ဆွလာသ်ဝတ်ပြုမှုကို မှန်မှန်လုပ်ရင် ကျန်းမာရေး အတွက် သီးခြားထပ် လုပ်စရာတောင် မလိုပါဘူး။ အစ္စလာမ်က သန့်ရှင်းမှုကိုလည်း အခြေခံတဲ့ အတွက် သန့်ရှင်းမှု ရှိအောင်လည်းနေဖို့ မှာကြားထားပါတယ်။ လူငယ်များ အနေနှင့် ပညာကို စာအုပ်ထဲမှာ မထားပဲနဲ့ ရင်ထဲမှာထားပြီး သင်ဖို့ လိုအပ်နေပါပြီ” ဟု ဆက်လက်ပြောခဲ့ပါသည်။

မြန်မာမွတ်စလင် လူငယ်များသို့ ခေတ် အခြေအနေနှင့် ပတ်သက်သည့် အသိပညာများကိုလည်း မျှဝေပေးခဲ့ပါသည်။   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ မြန်မာမွတ်စလင် လူငယ်များ အတွက် ရည်ရွယ်၍ ယခုကျင်းပသော  ကျင်းပပြုလုပ်သော  စာပေဟောပြောပွဲ အခမ်းအနားသည် ဒုတိယ အကြမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Viewing all articles
Browse latest Browse all 15237

Trending Articles