Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15241

အိုဇေးလ်အပေါ် ဝေဖန်နေမှုများအား ၀င်းဂါးကာကွယ်၊ ဂိုးများသွင်းရန် အလိုရှိနေ

$
0
0

ဖေဖော်ဝါရီ ၁၂၊၂၀၁၄
M-Media
Mesut-Ozil-2855575
- အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် ဂျာမန် ကွင်းလယ်လူ အိုဇေးလ်၏ စိတ်ထဲတွင် ဂိုးသွင်းရမည့် အစား ကောင်းမွန်သော ဖြတ်တင်ဘောများ ပြုလုပ်ရန်သာ စိတ်စွဲနေကြောင်း အာဆင်နယ်အသင်း နည်းပြဖြစ်သူ ၀င်းဂါးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းဖြင့် ရောက်လာခဲ့သည့် အိုဇေးလ်မှာ ပထမဆုံးကစားသည့် ၁၀ ပွဲတွင် ၂  ဂိုးသွင်းယူနိုင်ခဲ့ပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ ဖန်တီးနိုင်သည့်အထိ အိုဇေးလ်မှာ ခြေစွမ်းကျနေခဲ့ပြီး စနေနေ့က လီဗာပူးလ်အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် ရှက်ဖွယ်ရှုံးနိမ့်မှုတွင်လည်း ၎င်း၏ ကစားပုံမှာ အမှားများစွာ ရှိခဲ့သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

သို့သော်လည်း အာဆင်ဝင်းဂါးကမူ အိုဇေးလ်မှာ ဖိအားများကို ရင်ဆိုင်နေရပြီး၊ ဂိုးများများ ပိုသွင်းနိုင်ရန် အတွက် ၎င်းအနေဖြင့် တကိုယ်ကောင်းဆန်သင့်ကြောင်း၊  လေ့ကျင့်ရေးကွင်းများတွင် အိုဇေးလ်မှ အလုပ်ကို ကြိုးစားလေ့ရှိကြောင်း ကာကွယ်ပြောဆိုသွားခဲ့သည်။ ထို့ပြင် အိုဇေးလ်ထံမှ ဂိုးများ မျှော်လင့်ကြောင်းကို “(နည်းပြတစ်ဦးဟာ) တိုက်စစ်မှူးနောက်မှာ ကစားတဲ့ ကစားသမားတစ်ယောက်ကို ဂိုးနည်းနည်းလောက် သွင်းစေချင်မှာပါ။ ပြီးတော့ ဂိုးထဲကို ကန်သွင်းနိုင်တဲ့ အခါမျိုးမှာ ဖြတ်တင်ဘောကောင်းကောင်း ပို့ပေးဖို့ပဲ သူက စိတ်နှစ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် အိုဇေးလ်မှာ မိမိအတွက် ခြွင်းချက်မဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းအပေါ် မျှော်လင့်ချက်ကြီးမားနေသည့် အတွက် ဖိအားများကို ခံစားနေရခြင်းဖြစ်ကြောင်း၊ ထိုအတွက် စိုးရိမ်စရာမလိုဘဲ အသင်းတွင် ပျော်ရွှင်စွာဖြင့် အကောင်းဆုံးကစားရန်သာလိုကြောင်း ၀င်းဂါး ထည့်သွင်းပြောကြားသွားခဲ့သည်။

အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် ယနေ့ညတွင် အိမ်ကွင်း အီမရိတ်၌ မန်ယူအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

Ref: mirror


Viewing all articles
Browse latest Browse all 15241

Trending Articles