Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

အီဗရာအား လူမျိုးရေးခွဲခြားခဲ့မှုနှင့် ပက်သက်၍ တောင်းပန်မည်မဟုတ်ဟု ဆွာရက်ဇ်ဆို

$
0
0

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
M-Media

- ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုအတွက် တောင်းပန်ခဲ့သော်လည်း အီဗရာအား လူမျိုးရေးအရ ခွဲခြားပြောဆိုခဲ့မှုအတွက် တောင်းပန်မည် မဟုတ်ဟု လီဗာပူးလ်အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဥရုဂွေး ရေဒီယိုနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

ဆွာရက်ဇ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလက မန်ယူနောက်ခံလူ အီဗရာအား လူမျိုးရေးခွဲခြားသော စကားများဖြင့်စော်ကားခဲ့သည်ဟု စွပ်စွဲချက်ဖြင့် FA က ၈ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကာ ပေါင် ၄ သောင်း ဒဏ်ရိုက်ခဲ့သည်။

သို့သော်လည်း မိမိအနေဖြင့် မည်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဟု ဆွာရက်ဇ်က ရေဒီယို အင်တာဗျူးတွင် ပြောကြားလိုက်သည်။

“ပြောရမယ်ဆိုရင် ကျွန်တော့်ဘ၀မှာ အမှားနှစ်ခုသာ လုပ်ခဲ့ဖူးပါတယ်။ အေဂျက်မှာ ကစားခဲ့တုန်းက ပြိုင်ဘက်ကစားသမား(အော့တ်မန် ဘာကာလ်) ကို ကိုက်လိုက်တာနဲ့၊ ဒုတိယက အိုင်ဗန်နိုဗစ်ကို ကိုက်လိုက်တာပါ။ အီဗရာနဲ့ ပက်သက်လို့ကတော့ အားလုံးအမှားချည်းပါပဲ။ ကျွန်တော်ဟာ သက်သေ မရှိဘဲ စွပ်စွဲခံရတာပါ” ဟု Montevideo ရေဒီယိုသို့ ပြောကြားခဲ့သည်။

အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့မှုအတွက် ဆွာရက်ဇ်မှာ ၁၀ ပွဲပယ်ခံခဲ့ရသည်။ သို့သော်လည်း ထိုအချိန်များမှာ ၀မ်းနည်းဖွယ်ကောင်းသော အချိန်များဖြစ်ပြီး၊ ယခုအချိန်တွင် ပျော်ရွှင်မိကြောင်း၊ မိမိတွင် နောင်တရစရာ အကြောင်းများမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆွာရက်ဇ်မှာ ခြေစွမ်းကောင်း များကို ပြသနိုင်သော်လည်း ၎င်း၏ ဆိုးရွားသော အပြုအမူတစ်ချို့ကြောင့် ပရီးမီးယားလိဂ်သို့ စတင်ရောက်ရှိစဉ်က ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Ref : Dailymail


Viewing all articles
Browse latest Browse all 15237

Trending Articles