Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

မြောက်ကိုရီးယား ခေါင်းဆောင်များ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု ကျူးလွန်သည့်ဟု ကုလပြော

$
0
0

ဖေဖော်ဝါရိ ၁၈၊ ၂၀၁၄
M-Media

မြောက်ကိုရီးယား ခေါင်းဆောင်များ လူသားမျိုးနွယ်ပေါ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် အထောက်အထားများ ပါဝင်သော အစီရင်ခံစာတစ်ခု ကုလထုတ်ပြန်

cmc_aug13
- ပြည်သူများအား သတ်ဖြတ်ခြင်း၊ ငတ်မွတ်အောင်ပြုလုပ်ခြင်းနှင့်  ကျွန်ပြုခြင်းစသည့် ရာဇ၀တ်မှုများအား မြောက်ကိုရီးယား ခေါင်းဆောင်များက ကျူးလွန်ခဲ့ကြပြီး၊ ၎င်းတို့အား နိုင်ငံတကာ ခုံရုံးရှေ့မှောက်သို့ ခေါ်ယူရမည်ဟု ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်မှ ပြောကြားလိုက်သည်။

မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်မှ ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြထားသော အစီရင်ခံစာအား ယမန်နေ့က တရားဝင်ထုတ်ပြန်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအား ထိန်းသိမ်းထားသည့် ကမ့်အတွင်း နှိပ်စက်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် လူသတ်မှုများကို ကျူးလွန်ခဲ့ကြောင်း အထောက်အထားများလည်း ပါဝင်ခဲ့သည်။

ထိုအစီရင်ခံစာနှင့် ပက်သက်၍  အဆိုပါကော်မရှင်၏ ဥက္ကဌဖြစ်သူ မီခေးလ်ကီရ်ဘီက ရှင်းပြခဲ့ခြင်းဖြစ်ပြီး ထိုရာဇ၀တ်မှုများအား စီမံခန့်ခွဲခဲ့သည့် အထောက်အထားများနှင့် ပက်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အပါအ၀င် နိုင်ငံ၏ ခေါင်းဆောင်များမှဖြေရှင်းသင့်သည်ဟု ပြောကြားခဲ့သည်။

“ကော်မရှင်က အဆုံးအထိဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ အာဏာရှိနေတဲ့သူတွေမှာ တာဝန်ရှိနေတဲ့ အထောက်ထားတွေ အများကြီးရှိပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေဟာ ခေါင်းဆောင်ကြီးဆီမှာ အဆုံးသတ်သွားတာပါ” ဟု ကီရ်ဘီက ပြောကြားခဲ့သည်။

သို့သော်လည်း ကော်မရှင်မှာ ခုံအဖွဲ့မဟုတ်သကဲ့သို့၊ တရားသူကြီးလည်းမဟုတ်ဘဲ တရားစွဲဆိုမှုများအတွက် နိုင်ငံတကာခုံရုံးကသာ ဆုံးဖြတ်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း ကျူးလွန်ဖွယ်ရှိသာ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုခြင်းအတွက် အမှုတည်ဆောက်မှုကို ပြုလုပ်ရန် စုံစမ်းရေးကော်မရှင်အား ပြီးခဲ့သည့်နှစ် မတ်လက စတင်ဖွဲ့စည်းခဲ့ပြီး ကြားနာမှု ၈၀ ကျော်ပြုလုပ်ခဲ့ကာ၊  နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International မှ ရရှိသော အထောက်အထားများကိုလည်း အသုံးပြုခဲ့သည်။

ထိုအဖွဲ့၏ အစီရင်ခံစာကို လာမည့်လတွင်ပြုလုပ်မည့် ကုလ၏ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းမည်ဖြစ်သည်
Ref: aljazeera


Viewing all articles
Browse latest Browse all 15237

Trending Articles