Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ထိုင်းတွင် သပိတ် စခန်းများ ရှင်းလင်းရာ ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ရဲအရာရှိတစ်ဦး ပစ်သတ်ခံရ

$
0
0

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
M-Media
140218135159-thai-protests-police-story-top
- ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၏ အဓိကနေရာများကို သိမ်းပိုက်ထားသော အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ၏ စခန်းများကို စတင် ရှင်းလင်းခဲ့ပြီးနောက် ရဲများနှင့် ဆန္ဒပြသူများ အကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်း အစိုးရ အိမ်တော်နားရှိ စခန်းများအား ဘူဒိုဇာများဖြင့် ရှင်းလင်းရာတွင် ဆန္ဒပြသူများက ပြန်လည် ခုခံခဲ့သောကြောင့် မျက်ရည်ယိုဗုံးများပါ အသုံးပြုခဲ့ရပြီး၊ “ဘန်ကောက်ငြိမ်းချမ်းရေး” ဟု အမည်တပ်ထားသည့် အဆိုပါ စစ်ဆင်ရေး အတွက် အဓိကရုန်းနှိမ်နင်းရေး တပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာတို့အား မြို့တော်တစ်ဝှမ်းတွင် တပ်ဖြန့်ချထားသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

“ရဲအရာရှိ တစ်ယောက်သေဆုံးပြီး အခြား ၁၄ ဦးဒဏ်ရာရပါတယ်။ ခေါင်းကို အပစ်ခံရတဲ့ အဲဒီ ရဲအရာရှိဟာ ဆေးရုံပို့နေစဉ် အတွင်းမှာပဲ သေဆုံးခဲ့တာပါ” ဟု ရဲချုပ် Adul Saengsingkaew က ပြောကြားခဲ့သည်။

သို့သော်လည်း ဒဏ်ရာရသူများမှာ အနည်းဆုံး ၄၂ ဦးရှိပြီး ရဲ သို့မဟုတ် ဆန္ဒပြသူ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြား၍ မရသေးဟု Erawan အရေးပေါ် ဌာန၏ ပြောကြားချက်ကိုကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

ဆန္ဒပြသူများမှာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ် ရုံးမတက်နိုင်ရန်အတွက် ဘန်ကောက်မြို့လယ်ရှိ အစိုးရ အိမ်တော်တစ်ဝိုက်ကို ၀ိုင်းထားပြီး၊ ၀န်ကြီးချုပ်နှုတ်ထွက်ရန်နှင့် ပြည်သူ့ကောင်စီဖွဲ့စည်းကာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။

ယမန်နှစ် နှစ်ကုန်ပိုင်း ကတည်းက ပြုလုပ်နေခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က ခုခံခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း မိမိတို့ အနေဖြင့် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် နေရာ ၅ ခုအား ပြန်လည် သိမ်းပိုက်မည်ဟု လုံခြုံရေး အထူးညွှန်ကြားမှု စင်တာက ယမန်နေ့တွင် ကြေညာခဲ့သည်။

ဆန္ဒပြခေါင်းဆောင် Rawee Matchamadon ကမူ ရဲတပ်ဖွဲ့ဝင်များမှာ ဘန်ကောက်မြောက်ပိုင်း စွမ်းအင် ၀န်ကြီးဌာနရုံးရှိ ဆန္ဒပြသူများအား ၀န်းရံကာ လူ ၁၀၀ ခန့်ကို ထရပ်ကားများနှင့် တင်ဆောင်၍ စစ်မေးရန် အတွက် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

Ref: aljazeera


Viewing all articles
Browse latest Browse all 15237

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...