Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ချန်ပီယံလိဂ်တွင် မန်စီးတီးအနေဖြင့် ဘာစီလိုနာအား ကျော်ဖြတ်ရန် အခွင့်အရေးရှိဟု မော်ရင်ဟိုဆို

$
0
0

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
M-Media
369752_heroa
- နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်နေသည့် ဘာစီလိုနာအား ကျော်ဖြတ်ကာ နောက်တစ်ဆင့် တက်နိုင်မည် အခွင့်အရေး မန်စီးတီးအသင်းတွင် ရှိနေသည်ဟု ချယ်ဆီးအသင်း နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

မန်စီးတီးနှင့် ဘာစီလိုနာအသင်းတို့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ယနေ့ညတွင် အီတီဟတ်၌ ကစားရန် ရှိနေပြီး၊ မော်ရင်ဟိုက မာတီနို လက်ထက်တွင် ဘာစီလိုနာအသင်းမှာ အဆင့်နိမ့်နေပြီး၊ ထိုအချင်းအရာက မန်စီးတီးအသင်း အခွင့်အရေးကောင်းဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။

“သူတို့(ဘာကာ)မှာ မက်ဆီရှိနေတာမှန်ပါတယ်။ သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်ပြီး၊ အခြား ကစားသမားကောင်းတွေလည်း ရှိပါသေးတယ်၊ ဒါပေမယ့် အခု ဘာစီလိုနာဟာ နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံးပါ။ ဒ့ါကြောင့် မန်စီးတီးမှာ အခွင့်အရေး ရှိနေပါတယ်” ဟု မော်ရင်ဟိုက ဗြိတိန် ရုပ်သံတစ်ခုဖြစ်သည့် ITV သို့ ပြောကြားခဲ့သည်။ မန်စီးတီးမှာ အသင်း၏ သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။

မော်ရင်ဟိုမှာ ချယ်ဆီးနှင့် အင်တာအသင်းတို့ဖြင့် ဘာစီလိုနာအား နှစ်ကြိမ် တိုင်တိုင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး၊ ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိ လာစဉ်ကတည်းက မန်စီးတီးနှင့် ပယ်လီဂရီနီတို့အား ဝေဖန်ခဲ့သူဖြစ်သည်။

Ref: Goal


Viewing all articles
Browse latest Browse all 15237

Trending Articles