ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
M-Media
မွတ်စလင် စစ်သည်များကို ဂုဏ်ပြုလေးစားသောအားဖြင့် ပဲရစ်မြို့ Grand Mosque သို့ ရောက်ရှိလာသည့် ပြင်သစ် သမ္မတ ဖရန်စစ် ဟော်လန်ဒီ (ဓာတ်ပုံ)
၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ အတွက် အသက်ပေးသွားခဲ့ကြသော မွတ်စလင် စစ်သည်တော်များ အပေါ် တန်ဖိုးထား လေးစားသောအားဖြင့် ပြင်သစ် သမ္မတ ဖရန်စစ်ဟော်လန်ဒီသည် ပဲရစ်မြို့Grand Mosque ဗလီကြီးသို့ အလည်အပတ် သွားရောက်ခဲ့သည်။
ဤသို့ရောက်ရှိစဉ်၌ အခမ်းအနား မိန့်ခွန်း မပြောကြားမီ အလျင် မွတ်စလင် စစ်သည်များ၏ မမေ့နိုင်သော လုပ်ရပ်တို့ကို တန်ဖိုးထားကြောင်း ဟော်လန်ဒီမှ အမှတ်တရ ဂုဏ်ပြုစကားဆိုသည်။
၁၉၂၂ နှင့် ၁၉၂၆ ခုနှစ် အတွင်း တည်ဆောက်ခဲ့သော ပဲရစ်ရှိ Grand Mosque သည် ပြင်သစ်နိုင်ငံတွင် အကြီးမားဆုံး ဗလီဝတ် ကျောင်းတော်ဖြစ်သည်။ ၂၂ မီတာအမြင့်ရှိ ၀တ်ပြုရေး ဖိတ်ခေါ်မျှော်စင် ပါဝင်သည့် ၎င်းဗလီ၌ ပထမဆုံး စုပေါင်းဝတ်ပြုမှုကို ၁၉၂၆ ခုနှစ်တွင် အယ်လ်ဂျီးရီးယားနိုင်ငံသား နာမ်ပိုင်း ဓမ္မ ပညာရှင်(ဆွူဖီ) အဟ်မဒ် အလ် အလ၀ီမှ ဦးဆောင်ခဲ့သည်။
ပထမ ကမ္ဘာစစ် အတွင်း ဂျာမဏီကို ရင်ဆိုင်ရာ၌ မွတ်စလင် စစ်သည်ပေါင်း တစ်သိန်းခန့် အသက်ပေးသွား ခဲ့ကြသည်ဟု Inter France သတင်းဌာနမှ ထုတ်ပြန်ဖော်ပြသည်။
Ref:Al Arabiya News