Quantcast
Channel: News @ M-Media
Viewing all 15233 articles
Browse latest View live
↧

ကျူလီယာ မွတ်စလင်မ် ရန်ပုံငွေ အဖွဲမှ စံပြဆေးရုံသို့ ၃၇ သိန်းကျော်ဖိုး ဆေးပစ္စည်းများ လှူဒါန်း

$
0
0

ဇူလိုင် ၂၈၊ ၂၀၁၃
M-Media
ဆူးထက်

သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကျူလီယာ မွတ်စလင်မ်သာသနာ့ ရန်ပုံငွေအဖွဲ့မှ ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက်လှူဒါန်း

DSC_0013

ရန်ကုန် ။ ။ ကျောက်ကပ်ရောဂါများကို ကုသရာတွင် အသုံးပြုသော ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းများအတွက် တန်ဖိုးငွေ – ၃၇၃၈၁၀၀ိ/ – ( ကျပ်သုံးဆယ့် ခုနှစ်သိန်း သုံးသောင်း ရှစ်ထောင့် တစ်ရာကျပ်) တန်ဖိုးငွေကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးသို့ ရန်ကုန်မြို့ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဇူလိုင်လ ၂၅-ရက်၊ နေ့လယ် (၂)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ ဒေါ်လှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သာသနာ့ ရန်ပုံငွေ အဖွဲ့မှ ဥက္ကဌ ဦးလှရွှေ(JVC)၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမာမက်ဂျလားလ်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးလှဌေး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်၊ အဖွဲ့ဝင် ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၃-ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကလေးဆေးရုံ၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်သို့ အဆိုပါ အဖွဲ့မှ ကင်ဆာနှင့် ပတ်သက်သော ဆေးပစ္စည်း ၁၀မျိုး တန်ဖိုးငွေ ကျပ်(၁၅၁၁၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ဇူလိုင် ၂၅-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိကြောင်း သိရသည်။

အဆိုပါ ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရန်ပုံငွေ အဖွဲ့သည် အမှတ် (၁၆၁)၊ မောင်ထော်လေးလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး သက်ကြီးရွယ်အို များအား ထောက်ပံ့ကူညီခြင်း၊ လူမျိုးဘာသာမရွေး ကျောင်းသား (၂၀၀)ကျော်အား ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လူမျိုးဘာသာမရွေး စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်းများ ပြုလုပ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါး သူများ၏ ကျန်းမာရေးကြောင့် ဆေးရုံ တက်သည့် အခါတွင် ဆေးရုံစရိတ် မတတ်နိုင်သူများအား ဆေးရုံတက်သည်မှ ပြန်ဆင်းသည့် အချိန်ထိ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးခြင်း များကို နှစ်စဉ် နှစ်တိုင်း တစ်နှစ်ပတ်လုံး ပုံမှန် လည်ပတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

↧

ဇကာ့သ် (သို့)အစ္စလာမ် သာသနာ၏ မဏ္ဍိုင် တခုဖြစ်သော မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ခြင်း

$
0
0

ဇူလိုင်-၂၈၊၂၀၁၃
M-Media
ဘာသာပြန်- ကောင်းလွန်းအိမ်

zakah-for-allah-sake

ကျွန်ုပ်တို့အားလုံးလိုလို အစ္စလာမ်၏ အဓိက မဏ္ဍိုင် ၅ ရပ်အား အလွယ်တကူ အခက်ခဲမရှိ ပြောနိုင်ကြသည်။ ၄င်းတို့ကို ကျွန်ုပ်တို့ အလွတ်ရကြသည်။

ထို မဏ္ဍိုင် ၅ ရပ်စလုံးသည် ကျွန်ုပ်တို့ အစ္စလာမ်သာသနာ၏ အဓိက အခြေခံအကျဆုံး ပုံဟန်ကို ပုံဖော်ထား၏။ ၄င်းတို့အနက် မဏ္ဍိုင် ၂ ရပ်သည် နေ့စဉ်လုပ်ဆောင်ရပြီး၊ အစ္စလာမ့်ယုံကြည်သက်ဝင်မှု ထွက်ဆိုချက် နှင့်  ၅ ကြိမ် ၀တ်ပြုခြင်းတို့ဖြစ်သည်။

နောက်ထပ် ၂ ရပ်သည် နှစ်စဉ်လုပ်ဆောင်ရသော မဏ္ဍိုင်များဖြစ်ပြီး၊ ၄င်းတို့မှာ သတ်မှတ်အလှူဒါန ပေးကမ်းခြင်း နှင့် ရမဿွာန်လတွင် ဥပုသ်သီဓလစောင့်တည်ခြင်း ပင်ဖြစ်သည်။

နောက်ဆုံးတစ်ရပ်သည်ကား ဘ၀တစ်လျှောက်လုံးတွင် အနည်းဆုံးတစ်ကြိမ်လုပ်ဆောင်ရမည့် မဏ္ဍိုင်ဖြစ်ပြီး၊ မက္ကဟ်မြို့တော်သို့ ဘုရားဖူးသွားရောက်ခြင်း ဖြစ်ပါ၏။

ထိုမဏ္ဍိုင်ငါးရပ်အား ဖော်ပြရန် လွယ်ကူသလောက် ယင်းလုပ်ဆောင်ချက် တစ်ခုချင်းစီ၏နောက်ကွယ်မှ အကြောင်းတရားကိုမူ ရှင်းလင်းပြောပြရန် လူတိုင်း မစွမ်းသာလှပေ။ ကျွန်ုပ်တို့အား မွတ်စ်လင်မ် မဟုတ်သော မိတ်ဆွေ သူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ထိုမဏ္ဍိုင်များအကြောင်း မေးမြန်းလာသောအခါ လွယ်လင့်တကူပင် ရှင်းပြတတ်ကြ၏။ သို့သော်လည်း ကျွန်ုပ်တို့ ပေးသင့်ပေးထိုက်သည့် ထိရောက်သောဖြေကြားခြင်း ဟုတ်မဟုတ် သေချာပြီလော ?

အစ္စလာမ့်မဏ္ဍိုင်များအနက် နှစ်စဉ် မပြုမနေရ သတ်မှတ်ဒါနပေးကမ်းခြင်းဖြစ်သော ဇကာ့သ် အကြောင်းကို အဓိကထား ဦးတည်ကြည့်ကြပါစို့။ ထိုခေါင်းစဉ်အား ဆွေးနွေးလေသော အခါ လူအများစုသည် ၄င်းအရာမှာ အလှူဒါန နှင့် ပတ်သက်သည့် လူမှု ကဏ္ဍဖြစ်ကြောင်း၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သက်ဝင်ယုံကြည်သူ တစ်ဦးအနေနှင့် မိမိ၏ ပိုင်ဆိုင်မှု အတွင်းမှ ဆင်းရဲချို့တဲ့သူ နှင့် ဒုက္ခရောက်နေသူများအတွက် ပေးအပ်ရမည့်တာဝန်တစ်ခုဖြစ်ကြောင်း အလေးအနက်ထား ပြောဆိုကြပေမည်။

အစ္စလာမ်တွင် ချမ်းသာသူများထံမှ ဥစ္စာဓနများ အရယူ၍ ဆင်းရဲသူများအား ပြန်လည်မျှဝေမည့် ရော်ဘင်ဟုဒ် (Robin Hood) ကဲ့သို့ လူစားမျိုး မလိုအပ်။ အကြောင်းမှာ ကြွယ်ဝချမ်းသာသူက မရှိဆင်းရဲသူအား အလှူဒါနပေးအပ်ရမည့် မပြုမနေရ တာဝန် ၀တ္တရားကို ပြဋ္ဌာန်းထားသောကြောင့်ဖြစ်ပေသည်။ အစ္စလာမ်သာသနာ၌ လူတစ်ဦး တစ်ယောက်အား အလွန် ချမ်းသာကြွယ်ဝ မသွားစေအောင် အခြေခံကျကျတားမြစ်ချက် ဟူ၍ မရှိကြောင်း၊ မိမိဝန်းကျင်မှ လူ့အဖွဲ့အစည်း တိုးတက်ရေး အပေါ် ကောင်းကျိုးဆောင်စေမှု တစ်ရပ်သာဖြစ်ကြောင်း ရည်ညွှန်းခြင်းသာ ဖြစ်သည်။

ဇကာ့သ်ဒါန နှင့် (သာမန်)အလှူဒါန ကွာခြားပုံ

ဇကာ့သ်၏အကြောင်း ပြောကြားပါက ကျွန်ုပ်တို့သည် “ဆွဒကဟ်” မည်သော အလှူဒါန၏ အယူအဆဖြင့် မှားယွင်းစွာ ဖွင့်ဆိုတတ်ကြပါသည်။ ဆွဒကဟ် ကိုလည်း အလှူဒါန ဟူ၍သာ လက်ဆင့်ကမ်း အနက်ပြန်လေ့ရှိကြသည်။ ထိုအရာနှစ်ခုစလုံးသည် မိမိတို့၏ဥစ္စာဓနများဖြင့် မိမိတို့ထက် ဆိုးဝါးစွာ လိုအပ်နေသူများအား လှူဒါန်းပေးကမ်းသည့် အဓိပ္ပာယ် သဘောကိုပင် ဆိုလိုခြင်းဖြစ်သည်။

ယင်းအလှူဒါနနှစ်မျိုး အကြား အဓိကကွာခြားချက် အချို့ရှိသည်။ ဇကာ့သ် ဆိုသည်မှာ သတ်မှတ်ထားသော ပမာဏတစ်ခုအထိ အနိမ့်ဆုံးပိုင်ဆိုင်ထားပြီး၊ ၄င်းအနက်မှ သတ်မှတ်ချက် အတိုင်း နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ရသည့် မပြုမနေရ ကျင့်ဝတ်တစ်ခုဖြစ်သည်။ ထိုအမှုကို စွန့်လွှတ်ပါက အပြစ်ထိုက်သက်ပြီး နောင်တမလွန် ၀ယ် ပြစ်ဒဏ်ခံစားရမည်ဖြစ်သည်။ ဆွဒကဟ် ဆိုသည်မှာကား ပိုင်ဆိုင်မှုပမာဏနှင့် မသက်ဆိုင်ဘဲ မိမိ၏စေတနာအလျောက် လှူဒါန်းမှုဖြစ်သည်။ ပေးအပ်လိုက် သော အလှူဒါနတစ်မျိုးဖြစ်ပြီး၊ နောင်တမလွန်၏ အကျိုးကုသိုလ်ကို ရည်မျှော်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မပြုလုပ်ပါက အပြစ်ထိုက်သက်မှု မရှိချေ။ ဇကာ့သ်ကို အစ္စလာမ့်ပြက္ခဒိန်၏ တစ်နှစ်တာအကန့်အသတ်အတွင်း ပေးကမ်းလှူဒါန်းရန် စည်းမျဉ်းရှိသော်လည်း ဆွဒကဟ်ကိုမူ မည်သည့်အခြေအနေ၊ အနေအထားမှာ မဆို ပေးကမ်းလှူဒါန်းနိုင်ပေသည်။

ဇကာ့သ်တွင် ၀င်ငွေအပေါ် မူတည်၍ မည်မျှလှူဒါန်းရမည်ကို သတ်မှတ်ထားချက်ရှိသည်။ ဆွကဒဟ်ကမူ ကောင်းမှုအမျိုးအစားပေါ်မူတည်၍ ကျယ်ပြန့်သောအဓိပ္ပာယ်ထွက်သည်။  တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းသာယာခြင်းနှင့် မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ၏ မိန့်ဆိုပြောကြားချက် တစ်ခုတွင် အသင်တို့သည် ညီနောင်တစ်ဦးတစ်ယောက်အား ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည်ပင်လျှင် အလှူဒါန(ဆွဒကဟ်) ပြုရာရောက်၏ – ဟူ၍ တွေ့နိုင်ပေမည်။ ဤသည်မှာ ဇကာ့သ် နှင့် ဆွကဒဟ် အကြားရှိ ခြားနားချက် အချို့မျှသာ ဖြစ်သေး၏။

ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားနှစ်ရပ် စလုံးကို အစ္စလာမ့်အခြေခံအရင်းအမြစ်ဖြစ်ကြသော ကုရ်အာန်ကျမ်းတော်တွင်လည်းကောင်း၊ တမန်တော်မြတ်၏သြ၀ါဒတော် (ဟဒီးဆ်)တွင်လည်းကောင်း ခြေမြစ်နက်ရှိုင်းစွာ ဖော်ပြထားပေသည်။ ထိုရင်းမြစ်နှစ်ရပ်စလုံးအတွင်း၌မူ ဤသဘောတရားနှစ်မျိုးကို ဝေါဟာရသီးသန့်စီဖြင့် ခွဲခြားဖော်ပြထားခြင်းတော့ မရှိပါ။ ဥပမာတစ်ခုဆိုရသော် ကုရ်အာန် ကျမ်းတော်အတွင်းရှိ မုက္ခပါဌ်တော် (၉:၆၀) တွင် ဇကာ့သ်ပေးထိုက်သူများအား ရည်ညွှန်းရာ၌၊ ဇကာ့သ် “zakah” ဟူသောစာလုံးအား အသုံးမပြုဘဲ “sadaqat” ဟူသော ဝေါဟာရကိုသာ သုံးနှုန်းထားလေသည်။ အသုံးအနှုန်းနှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသောကြောင့် ထိုအကြောင်းအရာနှစ်ခုကို ကွဲပြားအောင် ခွဲခြားရန် စံနစ်တကျလေ့ကျင့်သင်ကြားထားခြင်းမရှိသူအဖို့ခက်ခဲလှပေသည်။

ဇကာ့သ် နှင့် ဆွဒကဟ်၏ သဘောတရားများကို အပြည့်အ၀နားလည်ရေး၌ အကြီးမားဆုံးအဟန့်အတားမှာ မူရင်းအရဗီ အသုံးအနှုန်းအစား ဘာသာပြန်ချက်များအား အသုံးပြုခြင်းပင်ဖြစ်သည်။ အခြားဘာသာ စကားဖြင့်ပြန်ဆိုထားသည့် ဝေါဟာရများမှာ မူရင်းရည်ရွယ်ချက်နှင့်ထပ်တူထပ်မျှ မဖြစ်ဘဲ စကားလုံး ဖလှယ်ပြီးဖော်ပြထားချက် သာဖြစ်သည်ကို ကျွန်ုပ်တို့မှ မကြာခဏတွေ့နေရပေသည်။ ဇကာ့သ်အား “အလှူဒါနပေးခြင်း”ဟု ပြန်ဆိုပါက လုပ်ရပ်တစ်ခု၏ မြင်သာသောပုံဟန်ကို အခြေတည်၍ ဖော်ပြသည့် စကားလုံးသာ ဖြစ်သွားပေမည်။ ဆွဒကဟ် သည်လည်း အလှူဒါနပေးခြင်းဟူသော လုပ်ရပ်ကိုပင် ဖော်ညွှန်းနေသည်။ ထို့ကြောင့် “အလှူဒါနပေးကမ်းခြင်း” ဟု သုံးစွဲပါက လုပ်ဆောင်မှုအား ခြုံငုံဖော်ပြချက်တစ်ရပ်သာဖြစ်ပြီး သက်ဆိုင်ရာရည်ရွယ်ချက်ကိုဖော်ပြမှုမဟုတ်ကြောင်း သိရပေမည်။

ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ကျွန်ုပ် အလွန်နှစ်သက်သည့် ကုရ်အာန် မုက္ခပါဌ်တော် တစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။

“ အို – (မုအ်မင်န်) သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက် ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန် မိစ္ဆာကောင်၏ခြေရာများကို လိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန် မိစ္ဆာကောင်သည် (ထိုသူအား) ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှုဒုစရိုက်ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် နှင့် ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦး တစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (၀န်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (၀န်ချတောင်း ပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင် ဖြစ်တော်မူပေသတည်း ” ။                                           ရောင်ခြည်တော်ကဏ္ဍ (၂၄း၂၁) (An-Nur 24: 21)

ဤမုက္ခပါဌ်တော်သည် အလ္လာဟ့်နှစ်မြို့မှုအတွက်လှူဒါန်းသုံးစွဲခြင်းနှင့် မည်သို့သက်ဆိုင်မှုရှိသနည်းဟု အသင် မေးမြန်းလိုပေလိမ့်မည်။ သို့သော် မူရင်းအရဗီဘာသာဖြင့် ရေးသားချက်အား စေ့စပ်သေချာစွာလေ့လာပါက  “စင်ကြယ်သန့်ရှင်းလွတ်ကင်း” ဟူသော စကားလုံးများမှာ ဇကာ့သ်၏မူရင်းပုဒ်မှ တစ်ဆင့် ဆင်းသက်လာကြောင်း တွေ့ရှိရပေမည်။

အများသုံးဘာသာပြန်များတွင် လုပ်ဆောင်ပုံ/လုပ်ရပ်အား ဖော်ပြထားသော်လည်း မူလဝေါဟာရအသုံးအနှုန်းများကတော့ လုပ်ဆောင်မှု၏ရည်ရွယ်ချက်အား ဖော်ညွှန်းထားသည်။ ဇကာ့သ်ပေးအပ်ခြင်းသည် မိမိကိုယ်ကို (လောဘ၊ စေးနည်းမှု၊ တွယ်မက်မှု စသည်တို့မှ) သန့်စင်သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဆွဒကဟ် အတွက်လည်း ကုရ်အာန်တွင် မှန်ကန်ဖြောင့်မတ်မှု (truthful) သို့မဟုတ် အတည်ပြုခြင်း (confirming) စသည့် အဓိပ္ပါယ်သက်ရောက်သော ဝေါဟာရများသုံး၍ ပုံဟန်အသွယ်သွယ်ဖြင့် အကျယ်တ၀င့်ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်၏။

လူတစ်ဦးတစ်ယောက်အား အဆင်ပြေပါစေ ဟုပြောဆိုလိုက်ခြင်းသည် အသင့်အဖို့ လွယ်ကူသော နှုတ်၏စောင်မခြင်းဖြစ်သော်လည်း သင်၏အိပ်ကပ်ထဲမှ  ထိုလူအား ဆွဒကဟ် ပေးအပ်လိုက်ခြင်းက အသင်၏ အသင်ကိုယ်တိုင်အတည်ပြုလိုက်သဖြင့် (လုပ်ရပ်ဖြင့်သက်သေပြသဖြင့်) အသင်သည် မှန်ကန်ဖြောင့်မတ်သူ ဖြစ်လေ၏။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာခြင်းနှင့်မင်္ဂလာအပေါင်းသက်ရောက်ပါစေသား) ကလည်း ဤသို့ ဆိုထားပါသည်။
“ ဆွဒကဟ်သည် သက်သေအထောက်အထားတစ်ခုပင်ဖြစ်သည် ”            (မွတ်စ်လင်မ် သြ၀ါဒတော်ကျမ်း)

မွတ်စ်လင်မ်လောကအတွင်း နှစ်စဉ်နှစ်တိုင်း ဇကာ့သ် သို့မဟုတ် ဆွဒကဟ်အတွက် အသုံးပြုငွေသည် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံ မှ ၁ ထရီလီယန် အကြား၌ ရှိနေကြောင်း အစ္စလာမ့်ရေးရာငွေကြေး လည်ပတ်မှုသုတေသီများက ခန့်မှန်းတွက်ဆကြသည်။ အခြားလှူဒါန်းမှုများနှင့်နှိုင်းယှဉ်ကြည့်ပါက (၂၀၁၁ ခုနှစ်မှတ်တမ်းအရ) ကမ္ဘာတစ်ဝှန်းရှိ လူသားချင်းစာနာထောက်ထားရေး လှူဒါန်းငွေပမာဏ၏ ၁၅ ဆကျော် သာလွန်နေကြောင်းကို တွေ့ရှိရသည်။ အလွန်ကြီးမားစွာသော ဤ အလှူငွေရေစီးကြောင်းသည် ကမ္ဘာပေါ်ရှိ အငတ်ဘေးဆိုက်သူများ၊ အလွန်အမင်း ဆင်းရဲဒုက္ခရောက်နေသူများထံသို့ စီးဆင်းလျက် လိုအပ်နေသော လူထုအကျိုးပြုလုပ်ငန်းများကိုလည်း ဖြစ်ပေါ်လာစေသည်။

သို့တစေ မြောက်များလှစွာသော လှူဒါန်းမှုဒါနသည်  ချို့တဲ့သူများထံသို့ ပမာဏအနည်းငယ်သာ တိုက်ရိုက်ရောက်ရှိနေကြသည်။ ယင်းသို့ဖြစ်ခြင်းမှာ မှားယွင်းနေသည်ဟု မဆိုသာသော်လည်း ရေရှည်တိုးတက်မှု၌ လိုအပ်သော အဓိကရင်းနှီးမြှုပ်နှံမှုများကို ထိုအရာက တားဆီးရာရောက်နေ၏။ ထို့အတူ ငွေပမာဏကြီးတစ်ရပ်ကို လွှဲချော်မှားယွင်းစွာ စီမံခန့်ခွဲမိပါက အလဟဿ ဖြုန်းတီးမှုသော်လည်းကောင်း၊ မထိရောက်သော အသုံးချမှုသော်လည်းကောင်း ဖြစ်သွားပါသည်။

အစ္စလာမ့်လူ့ဘောင်သမိုင်းအား ပြန်လည်လေ့လာကြည့်ရှုလိုက်ပါလျှင် ဇကာ့သ်ပေးအပ် လှူဒါန်းမှုတစ်ခုတည်းဖြင့် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေမှုကို ပပျောက်သွားစေသော ခေတ်ကာလများ ရှိခဲ့ဖူးလေသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ သတ်မှတ်ဒါနများ နှင့် ဆန္ဒအလျောက်အလှူဒါနများကို နည်းလမ်းတကျအသုံးပြု၍ အခြားလူ့အသိုင်းအ၀ိုင်းများအဖို့ တောက်ပရွှန်းလဲ့သော စံပြလူ့ဘောင်တစ်ရပ် ဖြစ်လာအောင် ဖန်တီးဖော်ဆောင်ခြင်းဖြင့် ကမ္ဘာ့မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဝင် ကျွန်ုပ်တို့မှ ထိုခေတ်ကာလမျိုးကို ပြန်လည်ရရှိအောင် ယခုခေတ်၌ ကြိုးစားအားထုတ်သင့်လှပေ၏။

Ref:OnIslam
===========================================================
(ဗဟုသုတအလို့ငှာ အချက်အလက်အချို့)  

မွတ်စ်လင်မ်တစ်ဦးအဖို့ ဇကာ့သ် ထုတ်နိုင်သည့် ဥစ္စာဓနပမာဏတစ်ရပ်(နိစာ့ဗ်)ကို အသားတင်ပိုင်ဆိုင်မှုအဖြစ် မိမိ၏လက်ဝယ်၌ တစ်နှစ်တိတိရှိပြီးနောက်တွင် ၄င်းပမာဏ၏ ၂.၅ % နှုန်း(တစ်ရာကျပ်လျှင် ၂.၅ ကျပ်နှုန်း) မဖြစ်မနေ ထုတ်၍ လှူဒါန်းပေးကမ်းကြသည်။ တစ်နှစ်ကာလဟူသည် အစ္စလာမ့်ပြက္ခဒိန်အရ တွက်ချက်ယူရသည်။ မိမိနှစ်သက်သော (အရဗီ)လကို သတ်မှတ်နိုင်သည်။ သို့သော် သတ်မှတ်မှုလွယ်ကူရန်လည်းကောင်း၊ ဥပုသ်လ – ရမဿွာန်လသည် အစ္စလာမ့်ပြက္ခဒိန်အရ အမွန်မြတ်ဆုံးလ တစ်လဖြစ်ခြင်းကြောင့် လည်းကောင်း အများစုက ရမဿွာန်လတွင် ဇကာ့သ်ပေးလှူကြခြင်းဖြစ်သည်။ ပိုင်ဆိုင်မှုဟုဆိုရာ၌ ရွှေ၊ ငွေ(ငွေထည်)၊ အိမ်မွေးတိရစ္ဆာန်များ စသည်ဖြင့် သီးသန့်သတ်မှတ်ချက် ကိုယ်စီဖြစ်သည်။ လူအများစုမှ လွယ်ကူစွာ နားလည်စေရန် ရွှေ နှင့် ငွေ(ထည်) ၏ အချိန်အတွယ် နိစာ့ဗ်ကို မြန်မာလိုဖော်ပြပါသည်။

ရွှေပိုင်ဆိုင်မှု ၅ ကျပ်၊ ၄ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။

ငွေထည်ပိုင်ဆိုင်မှု ၃၆ ကျပ်၊ ၁၃ ပဲ၊ ၁.၅ ရွေး နှင့်အထက် ရှိသည်ဆိုပါက ယင်းစုပေါင်းတန်ဖိုး၏ ၂.၅ % ကို ဇကာ့သ်ထုတ်ရ၏။ (ခေတ်ကာလ၏ပေါက်ဈေးအတိုင်း တွက်ချက်ရပါမည်)။ ပိုင်ဆိုင်မှုသည် ယင်းပမာဏအောက်၌သာရှိလျှင် ဇကာ့သ် ထုတ်ရန် တာဝန်မရှိပါ။

ကျွဲနွား၊ သိုး၊ ဆိတ်၊ ကုလားအုပ် စသည့် တိရစ္ဆာန်များနှင့်ပတ်သက်၍လည်း သီးသန့်သတ်မှတ်ချက်များရှိသည်။ အသေးစိပ်ကိုအကျယ်တ၀င့်သိလိုပါက နီးစပ်ရာပညာရှင်များထံ မေးမြန်းနိုင်ပါသည်။

↧
↧

မည်သည့်ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ်ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ

$
0
0

ဇူလိုင်-၂၈၊၂၀၁၃
M-Media

အလဲဗင်းမီဒီယာသည် ယနေ့နေ့စွဲဖြင့် စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း ခေါင်းစဉ်ပါ အကြောင်းအရာကို မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ရေးသားနိုင်သော ၀ီကီမှ ဘာသာပြန်ဖော်ပြထားပါသည်။ ထိုဆောင်းပါးပါ အကြောင်းအရာ၏ အဓိကဆိုလိုရင်းဖြစ်သော စင်ကာပူတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူလက်ထပ်ပါက မွတ်စလင်မဟုတ်သူက ဘာသာပြောင်းရသည် (သို့မဟုတ်) ယင်းသို့ လက်ထပ်ပိုင်ခွင့်မရှိဆိုသည့် အချက်မှာ လွဲမှားသောအချက်ဖြစ်သလို အလဲဗင်းဂရုသည်လည်း စင်ကာပူအစိုးရ၏ ဥပဒေမူများ၊ မွတ်စလင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားပါက အပြစ်ဒဏ်ပေးရန် ဖော်ပြထားခြင်းမရှိသော အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာန်ကျမ်းစာပါ အချက်များကို လေ့လာဆန်းစစ်ခြင်း မရှိကြောင်း ထင်ရှားသိသာသဖြင့် အများပြည်သူအကျိုးအလို့ငှာ M-Media မှ ဤဆောင်းပါးကို တင်ဆက်အပ်ပါသည်။

9. Can 1 Muslim and 1 non-Muslim marry at the ROM?
Yes, under Civil Marriage Law.

နံပါတ် ၉. မွတ်စလင်တစ်ယောက်နှင့် မွတ်စလင်မဟုတ်သူတို့ ROM (Registry of Marriage) တွင် လက်ထပ်နိုင်ပါသလား။

အဖြေ – ဟုတ်ကဲ့၊ (စင်ကူပူ၏) အများပြည်သူ လက်ထပ်ထိမ်းမြားခြင်းဥပဒေအရ လက်ထပ်ထိမ်းမြားခွင့်ရှိပါသည်။

(app.rom.gov.sg/reg_info/rom_other.asp)

————————————————————————————————————————————-

ရွှေည၀ါဆရာတော်က RFA နှင့် အင်တာဗျူးမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုဟာ တိုင်းပြည်အနာဂတ်အတွက် ၁၉၆၅ခုနှစ်နောက်ပိုင်းတွင် မျိုးစောင့် ဥပဒေကို ပြဌာန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံဟာလည်း စင်ကာပူရဲ့ ဥပဒေကို အတုယူကာ မျိုးစောင့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်တယ်လို့ မှားယွင်းသော အချက်အလက်ကို လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ (www.facebook.com/photo.php?v=10200824748615065)

(www.dmoethar.com/2013/04/blog-post_351.html) “မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ” ဟူသော ပို့စ်ကိုလည်း မိုးကြီးအမည်ရ လူတစ်ယောက်က ရေးသားဖော်ပြခဲ့တယ်။ ၄င်းရေးသား ခဲ့သော အကြောင်းအရာ အများစုဟာ အမှားများဖြစ်သလို ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု ဖြစ်စေရန် မဟုတ်မမှန်လုပ်ကြံ လှုံ့ဆော်မှု တစ်ရပ်သာဖြစ် ပါတယ်။

အစွန်းရောက်မြန်မာအချို့က Facebook ပေါ်မှာ ဒီပို့စ်ကို အုတ်ကျော်သောင်းနင်း ၀မ်းပန်းတသာ Share နေကြပါတယ်။ မသိတဲ့သူရေးတာကို မတတ်တဲ့ သူ လိုက်နာမှတ်သားတယ်ဆိုသလို စင်ကာပူနိုင်ငံပြင်ပနေလို့ မသိတဲ့သူတွေ အဲဒီပို့စ်ကို ယုံကြည်တယ်ဆိုရင် လက်ခံဖွယ်ရာရှိပေမယ့် စင်ကာ ပူရောက် မြန်မာများကပါ အားတက်သရော ယုံကြည်နေကြတာ အလွန်စိတ်ပျက် ဖွယ်ရာ ကောင်းလှပါတယ်။

စင်ကာပူနိုင်ငံသားများသိရှိထားတဲ့ ၄င်းတို့တိုင်းပြည်ဥပဒေကို မဟုတ်မမှန်ရေးသား အလွဲသုံးစား ခုတုံးလုပ်သော မြန်မာနိုင်ငံဟု သတ်မှတ်ခံရပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာ ပိုမိုကျဆင်းရပါလိမ့်မည်။

စင်ကာပူမှာနေထိုင်သောမြန်မာဖြစ်စေ၊ မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများတွင်နေထိုင်သော မြန်မာများဖြစ်စေ၊ အကြောင်း အရာတစ်ခုခုကိုတွေ့ရှိပါက သတင်းအမှားအမှန်ကို နောက်နောင်တွင် ခွဲခြားသိမြင်စေချင်သော စေတနာဖြင့် ခိုင်လုံသော အထောက်အထားများ ရှာဖွေစုဆောင်းပြီး ဤဆောင်းပါးကို ရေးသားအပ်ပါတယ်။

(၁) စင်ကာပူနိုင်ငံ လက်ထပ်ခြင်းဥပဒေ

စင်ကာပူနိုင်ငံမှာ ROM (Registry of Marriage) နှင့် ROMM (Registry of Muslim Marriages) ဟူသော လက်ထပ်မော်ကွန်းရုံး (၂) ရုံးရှိပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဥပဒေ Women’s Charter (Cap 353) ကတော့ Civil Marriage အောက်တွင် မှတ်တမ်းတင် လက်ထပ်ခြင်း ကို ကိုယ်စားပြုပါတယ်။ Administration of Muslim Law Act (Cap 3) ကတော့ Muslim Marriage အောက်တွင် မှတ်တမ်းတင်လက် ထပ်ခြင်းကို ကိုယ်စားပြုပါတယ်။

(က) ROM (Civil Marriage)

ROM (Civil Marriage) မှာ လက်ထပ်သူ နှစ်ဦးစလုံး မွတ်စလင် ဇနီးမောင်နှံမှလွဲပြီး အခြား ဘာသာတူဇနီးမောင်နှံများ၊ Inter-Faith Marriage ဟုခေါ်ဆိုသော ဘာသာမတူသော ဇနီးမောင်နှံများ (အစ္စလာမ် အပါအ၀င် မည်သည့်ဘာသာဝင်မဆို) Women’s Charter (Cap 353)အရ လက်ထပ်ပိုင်ခွင့်ရှိပါတယ်။

ROM (Civil Marriage) မှ မွတ်စလင် အမျိုးသားတစ်ယောက်ဟာ မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခြင်း၊ မွတ်စလင် မဟုတ်တဲ့ အမျိုးသားတစ်ယောက်ဟာ မွတ်စလင် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။ ROM (Civil Marriage) မှာ လက်မှတ်ထိုးလက်ထပ်ဖို့ မွတ်စလင်တစ်ယောက်က အခြားဘာသာသို့ ဥပဒေအရ မဖြစ်မနေကူးပြောင်းရမည်ဆိုတဲ့ အချက်ကတော့ လုံးဝမှားယွင်းပါတယ်။

အခြားဘာသာဝင်ဖြစ်ပါသည်ဟု လိမ်လည်ထွက်ဆိုရန် လုံးဝမလိုပါ။ မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို Civil Law အောက်မှာ Women’s Charter အရ ဖြေရှင်းပါတယ်။ တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးရပါတယ်။ ရှရီယာဥပဒေ (Administration of Muslim Law Act) ဖြင့် ဖြေရှင်းပိုင်ခွင့်မရှိပါ။ မွတ်စလင်နဲ့မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှံက ROM (Civil Marriage)မှာ မှတ်ပုံတင်ပါက Majlis Ugama Islam Singapura (MUIS) – Islamic Religious Council of Singapore မှ ထို Muslim အား မည်သည့် အကြောင်းအရာကြောင့် ROM (Civil Marriage) တွင် လက်ထပ်ခြင်းဖြစ်သည်ဆိုတာကို Counciling လုပ်ပါသည်။ သို့ပေသော်လည်း ဆုံးဖြတ်ချက်မှာ ကာယကံရှင်သာ မူတည်ပါသည်။ မည်သူမျှ တားပိုင်ခွင့်မရှိပါ။

http://en.wikipedia.org/wiki/Matrimonial_law_of_Singapore မှာ ဖော်ပြထားတဲ့ Inter-faith Marriage အပိုဒ်ဟာ လုံးဝမှားယွင်းနေ ပါတယ်။ စာရေးသူကိုယ်တိုင် Email ပို့မေးမြန်းထား သည်ကို ROM မှ အသေးစိတ်ဖြေကြားထားပုံကိုလည်း Screen Shot နှင့်တကွ ဖော်ပြပေး လိုက်ပါတယ်။

စင်ကာပူတွင်နေထိုင်သူများအနေဖြင့် ယခုရေးသားထားသော အချက်အလက်များ မှန်/မမှန်သိရှိလိုပါက ROM (Civil Marriage)Enquiry Line: 6338 7808 (Monday – Friday: 8.30am to 5.00pm, Saturday – 8.30am to 12.00pm) အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ စင်ကာပူပြင်ပတွင်နေထိုင်သူများအနေဖြင့် ROM(Civil Marriage) official website, Feedback Page https://app.rom.gov.sg/sitewide/rom_feedback.asp တွင် Email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

1

ROM (Civil Marriage) Certificate နမူနာ

2

ROM (Civil Marriage) သို့ ဆက်သွယ်မေးမြန်းထားသော Email

(ခ)ROMM (Muslim Marriage)

ROMM (Registry of Muslim Marriages)တွင် အစ္စလာမ့်တရားတော်နှင့်အညီ နိကာဟ် လက်ထပ်ထိမ်းမြားခြင်း ကိုဆောင်ရွက်ပေးပါတယ်။ လက်ထပ်မည့်ဇနီးမောင်နှံ နှစ်ယောက်စလုံးက Muslim ဖြစ်ခဲ့လျှင် ROM (Civil) တွင် လက်ထပ်ပိုင်ခွင့်မရှိပါ။

Muslim အမျိုးသားတစ်ယောက်ဟာ Muslim အမျိုးသမီး(၄)ယောက်နှင့် တပြိုင်နက်ပေါင်းသင်းခွင့်ရှိပါတယ်။ သို့သော် ဇနီးမယားတစ်ဦးထက် ပိုမိုလက် ထပ်လိုသော အမျိုးသားအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် အောက်ပါခြွင်းချက်များကို ကန့်သတ်ထားပါတယ်။

(၁) တစ်ဦးထက်ပိုသော ဇနီးများကို ငွေကြေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းရာများတွင် မျှတစွာခွဲဝေစောင့်ရှောက်နိုင်ရမည်။
(၂) လက်ရှိအိမ်ထောင်ရေးသာယာသူဖြစ်ပြီး နောက်အိမ်ထောင်ပြုခြင်းဟာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် မဖြစ်စေရ။
(၃) အသေးစိတ်အကြောင်းပြချက်၊ ဒုတိယအိမ်ထောင်ဖက်သည် ပထမအိမ်ထောင်ဖက် မပေးစွမ်းနိုင်သည်ကို ပေးစွမ်းနိုင်ခြင်း။ (ဥပမာ – ပထမအိမ်ထောင် ဖက်သည် သားသမီးမရနိုင်သောကြောင့် ဒုတိယဇနီးမယားအား အိမ်ထောင်ထပ်ပြုခြင်း)။ ဤနေရာတွင် အချစ်ကြောင့်ဟုအကြောင်းပြခြင်းလက်မခံပါ။

အသေးစိတ်အချက်အလက်များကို ROMM (Registry of Muslim Marriages) Official Website -
app.romm.gov.sg/about_marriage/romm_polygyny.asp တွင် သွားရောက်လေ့လာနိုင်ပါသည်။ Dmoethar blog မှာ တင်ပေးထား တဲ့ အောက်ပါ Link ဟာ အချက်အလက် အမှားများဖြစ်သည်ဆိုတာ Official Website နဲ့ နှိုင်းယှဉ်လေ့လာ နိုင်ပါတယ်။

 

(ဂ) ROM (Civil Marriage) မှ ROMM (Muslim Marriage) သို့ ကူးပြောင်းခြင်း

ထပ်မံတင်ပြခြင်းတဲ့အကြောင်းအရာကတော့ ROM (Civil Marriage)လက်ထပ်ထားသော မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်စလုံး အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ဖြစ်စေ ၊ Inter-faith Marriage အနေနဲ့ လက်ထပ်ထားတဲ့ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်တဲ့ ဇနီးမောင်နှမှာ မွတ်စလင်မဟုတ်သူက အစ္စလာမ်ဘာသာသို့ ကူးပြောင်းသည်ဖြစ်စေ၊ ဇနီးမောင်နှံ ၂ဦးစလုံး မွတ်စလင် ဖြစ်သွားတဲ့အခါ ROMM ကို အကြောင်းကြား ရပါတယ်။ အစ္စလာမ့်တရားတော်နှင့်အညီ နိကာဟ် ထိမ်းမြားရပါတယ်။ ဤဇနီးမောင်နှံများရဲ့ လက်ထပ်စာချုပ်မှတ်ပုံတင် နံပါတ်သည် ROM (Civil Marriage) အောက်တွင်သာ ဆက်လက်တည်ရှိပြီး ROMM (Muslim Marriage)မှ အစ္စလာမ့်တရားတော်နှင့်အညီ ထိမ်းမြားပြီး ဖြစ်ကြောင်း ထောက်ခံစာနှင့်အတူ မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို ရှာရီယာဥပဒေ (Administration of Muslim Law Act) အရ ဆောင် မည်ဖြစ်ကြောင်း တပါတည်းရေးသားထားပါတယ်။ ထိုဇနီးမောင်နှံများဟာ Civil Law အောက်တွင် မိသားစုပြဿနာ၊ အမွေဆက်ခံခြင်း၊ ကွာရှင်းခြင်းများကို Women’s Charter အရ ဖြေရှင်းခွင့်မရှိတော့ပါဘူး။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အစ္စလာမ်သာသနာဝင်များအား ပါးနပ်စွာဖိနှိပ်ချုပ်ချယ်ချင်သဖြင့် မွတ်စလင်နဲ့အခြား ဘာသာဝင်အား လက်ထပ်ခြင်းခွင့်ကို ပိတ်ပင် ထားသည်ဆိုသော အချက်မှာ လုံးဝမှားယွင်းသောအချက်ဖြစ်ပါသည်။ စင်ကာပူဥပဒေပြုလွှတ်တော်မှာ သူရရွှေမန်းကဲ့သို့ အာဏာရှိတဲ့သူဟာ မွတ်စလင် အမျိုးသမီးဖြစ်တယ်ဆိုတာ သတိချပ်ကြပါ။ အသက်(၂၁)နှင့်အထက်ဖြစ်ပါက ဘာသာတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မည်သူမျှ လက်ထပ်ခြင်းကို ကန့်ကွက်လို့မရပါဘူး။ အမျိုးသမီးများရဲ့အခွင့်အရေးကို ပိတ်ပင်ထားခြင်းမရှိပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ယောက်ဟာ မိမိဘာသာအပေါ် မည်မျှယုံကြည်သက်ဝင်မှုရှိသည်ဆိုတဲ့အချက်နှင့်သာ သက်ဆိုင်ပါတယ်။

 

(၂) ROMM (Registry of Muslim Marriages) သည် ၁၉၆၆ခုနှစ် မတိုင်မီတည်းက တည်ရှိခြင်း

ROMM (Muslim Marriage) Administration of Muslim Law Act (Cap 3)က ၁၉၆၆ ခုနှစ်မှာ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုမှ မွတ်စလင် လူမျိုးစီမံကိန်းအား တားမြစ်ရန်ပြဌာန်းခြင်းဆိုသော အချက်မှာလည်း လုံးဝမှားယွင်းပါသည်။ ROMM(Muslim Marriage)ရဲ့သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက ၁၈၈၀ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။
1. Mahommedan Marriage Ordinance V of 1880
2. Mahommedan Marriage Ordinance Amendment Ordinance XIII of 1894
3. Mahommedan Marriage Ordinance 1880 Amendment Ordinance 1902 XXXIV of 1902
၁၉၅၇ ခုနှစ်မှာ Mahommedan Marriage Ordinane (မဟာမေဒင်လက်ထပ်ထိမ်းမြားခြင်းဥပဒေ) ကို ပြုပြင်ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး Muslim Ordinance (မွတ်စလင်ဥပဒေ) လို့ အမည်ပေးခဲ့ပါတယ်။ ၁၉၆၅ခုနှစ် စင်ကာပူနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၆ခုနှစ်မှာ Muslim Ordinance အား Administration of Muslim Law Act (Cap 3) အဖြစ် ပြင်ဆင်ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ Muslim Marriage က ၁၈၈၀ခုနှစ်ကတည်းက တည်ရှိနေတယ်ဆိုတာ ငြင်း၍မရနိုင်သောအချက်တစ်ချက်ဖြစ်ပါတယ်။ အသေးစိတ် ROMM Official Website အောက်ပါ Page များတွင် သွားရောက်လေ့လာနိုင်ပါသည်။

- http://app.romm.gov.sg/about_romm/romm_profile.asp

- http://app.romm.gov.sg/about_romm/romm_pic_album_01.asp

 

(၃) Darul Arqam Singapore (The Muslim Converts’ Association of Singapore)

မိုးကြီး Blog တွင် Islam သို့ ကူးပြောင်းခြင်းကို ကာကွယ်ရန် အချိန်ဆွဲနိုင်ရန် အလို့ငှာ အခြေခံသင်တန်းများကို တက်ခိုင်းသည် ဆိုသောအချက်မှာလည်း လုံးဝမှားယွင်းပါတယ်။

အစ္စလာမ် ဘာသာသို့ ကူးပြောင်းရန် Converts’ Association တွင် Beginners’ Course in Islam (I & II) နှင့် Solah Tutorial (I & II) သင်တန်းများကို တက်ရောက်ရန် “Strongly Encourage” (လေးနက်စွာ အကြံပြုအပ်ပါသည်။) ဟုသာ ဆိုထားပါသည်။ “Must” (တက်ကို တက်ရမယ်) ဟု စင်ကာပူအစိုးရက ထုတ်ပြန်ထားခြင်း မဟုတ်ပါ။ (ကိုယ်တိုင်ဆက်သွယ်မေးမြန်းလေ့လာနိုင်ရန် http://www.darul-arqam.org.sg/embracing-islam/)

၎င်းသင်တန်းများဟာ အစ္စလာမ် ဘသာကူးပြောင်းလိုသူများ အတွက်သာမဟုတ်ဘဲ မည်သည့်ဘာသာဝင်မဆို အစ္စလာမ် ဘာသာအကြောင်း သိရှိလိုပါက လွတ်လပ်စွာ လာရောက်သင်ကြားလေ့လာနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှ မွတ်စလင်မဟုတ်သူ များပြောဆိုနေတဲ့ “မွတ်စလင်(မ်)များ အနောက်အရပ်သို့ မျက်နှာမူ ၀တ်ပြုခြင်းသည် ဗုဒဘာသာဝင်များ အရှေ့အရပ်သို့ မျက်နှာမူ ရှိခိုးဝတ်ပြုခြင်းကို ဆန့်ကျင်ဘက်ပြုလုပ်ခြင်းဖြစ်သည်”နှင့် “Islam ဘာသာအတွင်းသို့ ကူးပြောင်းရန် ဘုရားပုံတော်ကို မဖြစ်မနေနင်းရသည်”ဟူသော မဟုတ်မမှန်လုပ်ကြံပြောဆိုမှုများကို စင်ကာပူနိုင်ငံမှ မွတ်စလင်မဟုတ်သူ မည်သူတစ်ဦး တစ်ယောက်မျှ မပြောကြားကြပါ။

စာရေးသူအတွေ့အကြုံအရ အချို့သော Non-muslim များသည် Muslim Converts’ Association ရှိ သင်တန်းများတွင် ဗဟုသုတအလို့ငှာ လာရောက်လေ့လာ တက်ရောက်ကြခြင်းများလည်း ရှိပါတယ်။ အသေးစိတ် အချက်အလက်များကို Muslim Converts’ Assoication Official Website http://www.darul-arqam.org.sg/about-us/ တွင် သွားရောက်လေ့လာနိုင်ပါတယ်။

(၄) “Stop at Two” တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်ထက်ပို မယူရ

လွတ်လပ်ရေးရပြီးစ စင်ကာပူနိုင်ငံသည် မြေနေရာမလုံလောက်ခြင်း၊ သဘာဝအရင်းအမြစ်မထွန်းကားခြင်း၊ လူဦးရေးများပြားတိုးပွားလာခြင်း၊ ကုန်သွယ်ရေးကျဆင်းခြင်း၊ စက်မှုလုပ်ငန်းများအားနည်းခြင်းစသည့်အခက်အခဲများကို ရင်ဆိုင်ရပါတယ်။ ထိုအကြောင်းအရာကို စင်ကာပူ Seondary 2 သမိုင်းဘာသာရပ် SINGAPORE, FROM SETTLEMENT TO NATION PRE-1819 TO 1971 , CHAPTER 10, HOW DID SINGAPORE TACKLE ITS CHALLENGES IN ITS EARLY YEARS OF INDEPENDENCE? (Page 199 to 232) တွင် ထည့်သွင်းသင်ကြားပါတယ်။ ၄င်းအကျပ်အတည်းများနှင့် ရင်ဆိုင်ရခြင်းကြောင့် ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုသည် တစ်အိမ်ထောင်လျှင် ကလေး နှစ်ယောက်သာ ယူကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။

ထို့ပြင် ကလေးအလွန်များသော မိဘများ (စာရေးသူအတွေ့အကြုံအရ တရုတ်လူမျိုးများ)ဟာ သားသမီးများကို အခြားမိသားစုများ သို့ မွေးစား ရန်ပေးခြင်းမျိုး အမြောက်အမြား ရှိခဲ့ပါတယ်။ မွတ်စလင်များရဲ့ လူမျိုစီမံကိန်းကို ကာကွယ်ရန် တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက် ပိုမယူရဟု ပါးနပ်စွာထိန်းချုပ်ခြင်းဆိုတာလည်း လုံးဝမှားယွင်းပါတယ်။

3

Secondary 2 , History Textbook Cover “Singapore, From Settlement to Nation, Pre 1819-1971”

4

“Singapore, From Settlement to Nation, Pre 1819-1971” မှ လွတ်လပ်ပြီးစ စင်ကာ ပူနိုင်ငံ၏ အကျပ်အတည်းများ (၁)

5

“Singapore, From Settlement to Nation, Pre 1819-1971” မှ လွတ်လပ်ပြီးစ စင်ကာ ပူနိုင်ငံ၏ အကျပ်အတည်းများ (၂)

(၅) ၁၉၆၅ ခုနှစ် စင်ကာပူနိုင်ငံတွင် မွတ်စလင် ၁၅% ရှိသည် ဟူသော မှားယွင်းသော အချက်အလက်

စင်ကာပူနိုင်ငံ၏ ဘာသာဝင်ဦးရေစစ်တမ်းသည် ၁၈၄၉ခုနှစ် မှ ၁၉၃၁ ခုနှစ်ရှိပြီး ၁၉၃၁ခုနှစ်နောက်ပိုင်းမှ စတင်ပြီး ၁၉၇၉ခုနှစ်အထိ ဘာသာဝင်ဦးရေ စစ်တမ်းကောက်ယူခြင်းမရှိခဲ့ပါ။ ၁၉၈၀ခုနှစ်တွင်မှ ပြန်လည်စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်ပါတယ်။ ထိုအကြောင်းအရာများကို National University of Singapore (NUS), Lee Kuan Yew School of Public Policy, Institute of Policy Studies မှ LAI AH ENG တည်းဖြတ်ထုတ်ဝေသော RELIGIOUS DIVERSITY IN SINGAPORE စာအုပ်ရဲ့ Page 35 တွင် ဖော်ပြထားပါတယ်။

6

7

စင်ကာပူနိုင်ငံ ဘာသာအလိုက် လူဦးရေမှတ်တမ်း ၁၈၄၉ – ၁၉၃၁ (စာ ၃၂)

(၆) စင်ကာပူတွင် ဘာသာရေးပုတ်ခတ်ပြောဆိုမှုများအား ပြင်းထန်စွာအရေးယူခြင်း

အထက်ဖော်ပြပါ စာအုပ်ရဲ့ စာ-၆၄ အရ စင်ကာပူနိုင်ငံ Societies Act (Cap. 311)တွင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို အစိုးရတွင် တရားဝင်မှတ်ပုံတင်ပြီးပါမှ ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်းနှင့် ၄င်းအဖွဲ့အစည်းအား မှတ်ပုံတင်ခွင့် ပေး/မပေးဆိုသည်မှာ စိစစ်ဆုံးဖြတ်ချက်ပေါ်တွင် မူတည်ကြောင်း သိရပါတယ်။ နိုင်ငံတွင်း ဘာသာအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို ပျက်ပြားစေနိုင်သော အဖွဲ့အစည်းလှုပ်ရှားမှုအား တင်းကြပ်စွာစိစစ်ကြီးကြပ်နိုင်ရန်ဖြစ်ပါတယ်။ ၄င်းကဲ့သို့ပြုလုပ်ခြင်းသည် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးထားသော စနစ်အား အလွဲသုံးစားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရေးကို ကာကွယ်စောင့်ရှောက်ရန် စင်ကာပူနိုင်ငံရဲ့ Penal Code, Chapter 15 မှာ ဘာသာရေး ထိခိုက်အောင် တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ ကိုးကွယ်ရာ အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ဘာသာရေးအခမ်းအနားနှင့် စုရုံးဆောင်ရွက် မှုကို နှောင့်ယှက်ခြင်း၊ ဘာသာရေးအမုန်းပွားစေရန် ပုတ်ခတ်ပြောဆိုခြင်းနှင့် ရေးသားခြင်းများကို ပြစ်မှုကျူးလွန်ခြင်း အဖြစ်သတ်မှတ်ကာ ထိရောက်စွာ အရေးယူပါတယ်။

Sedition Act (Cap. 290)အရ စင်ကာပူနိုင်ငံရှိ လူမျိုးစုများအကြားနှင့် လူထုအလွှာများအကြား ပုတ်ခတ်ပြောဆိုမှု၊ နှိမ့်ချပြောဆိုမှုများ ကို ပြစ်မှုကျူး လွန်မှု အဖြစ် သတ်မှတ်ထား ပါတယ်။ ၂၀၀၅ခုနှစ်တွင် Blogger ၃ ဦးအား Anti-Muslim မွတ်စလင်(မ်) ဆန့်ကျင်ရေး အရေးအသား များကြောင့် Sedition Act အရ အရေးယူခဲ့သည် ကိုလည်း ဖော်ပြထားပါတယ်။

8

Page 64 Societies Act Penal Code and Sedition Act

၂၀၁၁ ခုနှစ် သြဂုတ်လတွင် Singtel Telecom Company မှ ၀န်ထမ်းတစ်ဦးဖြစ်သော Alex Chang အမျိုးသားမှ McDonald Offical Facebook Page တွင် မွတ်စလင်(မ်)တို့၏ ဥပုသ်ဖြေချိန်သိစေရန် ဖွင့်ပေးသော နှိုးဆော်သံအား ပုတ်ခတ်ရေးသားမှု ပြုလုပ်ခဲ့ပါသည်။ ၄င်း၏အပြုမှုကြောင့် စင်ကာပူနိုင်ငံသားများမှ ပြင်းထန်စွာရှုံ့ချခဲ့ကြပါသည်။ (sg.news.yahoo.com/blogs/singaporescene/man-complains-muslim-prayers-mcdonald-outlet-092253428.html တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။)

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပါလီမန် အမတ်တစ်ဦးဖြစ်သော Seng Han Thong မှ Malay နှင့် Indian လူမျိုးများ၏ English မကျွမ်းကျင်မှုကြောင့် ပို့ဆောင်ရေးတွင် အနှောင့်အယှက်ဖြစ်ရသည်ဟု လူမျိုးရေးထိခိုက်သော ဝေဖန်ပြောဆိုမှုကြောင့် ပြည်သူလူထုအား တရားဝင် ၀န်ချတောင်း ပန်မှု ပြုလုပ်ခဲ့ရပါတယ်။ အသေးစိတ်ကို Yahoo သတင်းစာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။ (sg.news.yahoo.com/amk-mp-defends–broken-english–comments-on-tv.html)

၂၀၁၂ ခုနှစ် ဂျွန်လတွင် အသက်(၁၇)နှစ်အရွယ် တရုတ်လူမျိုးလူငယ်နှစ်ဦးမှ မလေးလူမျိုးများအပေါ် လူမျိုးရေးထိခိုက်ပြောဆိုမှုများကို Facebook နှင့် Twitter တွင် ရေးသားခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးအား သက်ဆိုင်ရာ ရဲအဖွဲ့အစည်းမှ Sedition Act အရ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို Singapore Polic Force Official Website http://www.spf.gov.sg/mic/2012/120701_online_racist_G.htm တွင်ဖတ်ရှုနိုင်ပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မလေးလူမျိုး မင်္ဂလာဆောင်အား ကိုယ်ပိုင် Facebook စာမျက်နှာပေါ်တွင် ရိုင်းပျစွာ ဝေဖန်ရေးသားမှုကြောင့် National Trades Union Congress (NTUC) မှ Assistant Director Amy Cheong ဆိုသူ အမျိုးသမီးအား ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။ အသေးစိတ်ကို Yahoo သတင်းစာမျက်နှာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။ (sg.news.yahoo.com/ntuc-assistant-director-says-sorry-for-racist-post.html)

၂၀၁၃ ခုနှစ် ဧပြီလတွင် တရုတ်လူမျိုး Leslie Chew ဆိုသော အသက်(၃၇)နှစ်အရွယ် Online ကာတွန်းဆရာတစ်ဦးအား လူမျိုးရေးပုတ်ခတ်ရေး သားမှုကြောင့် အရေးယူခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို Yahoo သတင်းစာမျက်နှာ
(sg.news.yahoo.com/blogs/singaporescene/pore-cartoonist-arrested-alleged-sedition-143415161.html တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

(၇) Muslim လူဦးရေ ၁၅% မှ တိုးတက်မှုမရှိခြင်း

ဝန်ကြီးချုပ်ဟောင်းလီကွမ်ယုဟာ ဘာသာမဲ့တစ်ယောက်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးပိုင်းတွင် မည်သည့်ဘာသာကိုမဆို ဘက်လက်ခြင်းမရှိစေတဲ့ အကြောင်းအရင်းခံတစ်ခုဖြစ်သည်ဆိုတာကို “Han Fook Kwang, Zuraidah Ibrahim, Chua Mui Hoong, Lydia Lim, Ignatius Low, Rachel Lin and Robin Chen” တို့ရေးသားတဲ့ “LEE KUAN YEW, HARD TRUTH, TO KEEP SINGAPORE GOING” စာအုပ် “Regarding Race, Language and Religion” ခေါင်းစဉ်အောက် Page 218 တွင်ဖော်ပြထားပါတယ်။ ဒါ့ပြင် Page 219 မှာ သူသည် စင်ကာပူကို အရည်အချင်းရှိသောလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်သာ ဖြစ်စေချင်ခဲ့ပါသည်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

မလေးတိုင်းပြည်လဲမဟုတ်၊ တရုတ်တိုင်းပြည်လဲမဟုတ်၊ အိန္ဒိယတိုင်းပြည်လဲမဟုတ်၊ လူတိုင်းဟာ မိမိကိုယ်ပိုင်နေရာ၊ သာတူညီမျှမှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာများကို လွတ်လပ်စွာပိုင်ဆိုင် နိုင်ကြတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ် ။ ဒါကြောင့် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက် စင်ကာပူနိုင်ငံ လွတ်လပ်ရေးနေ့မှာ National Pledge (အမျိုးသားရေး ကတိက၀တ်) ကို ပြည်သူတွေကို ပေးခဲ့ပါတယ်။ အပြည့်အစုံကတော့

“We, the citizens of Singapore,
pledge ourselves as one united people,
regardless of race, language or religion,
to build a democratic society
based on justice and equality
so as to achieve happiness, prosperity and
progress for our nation.” ဖြစ်ပါတယ်။

“LEE KUAN YEW, HARD TRUTH, TO KEEP SINGAPORE GOING” စာအုပ် Page 233 မှာ မွတ်စလင် လူဦးရေအချိုးအစားမတိုး တက်လာရတဲ့ အကြောင်းကို ပြောပြထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက စင်ကာပူနိုင်ငံတိုးတက်ရန်အတွက် PMET(Professionals, Managers, Executives and Technicians) ပညာရှင်တွေလိုအပ်တဲ့အတွက် နိုင်ငံခြားသား (အများစုမှာ တရုတ်နဲ့ အိန္ဒိယများ) ကို PR, Citizen များပေးအပ်ခဲ့ပါသည်။ သို့သော် မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံ တစ်ခုဖြစ်သည့် အတွက် ၄င်းတိုင်းပြည်မှ ပညာတတ်တွေ ကို မြှောက်စား ချီးမြှင့်ပါ တယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှ မလေးလူမျိုးတွေက စင်ကာပူသို့ ရွှေ့ပြောင်းလာခြင်း မရှိသလောက်ရှားပါးပါတယ်။ စင်ကာပူနိုင်ငံသားနှင့် လက်ထပ်သောသူအချို့သာ စင်ကာပူသို့ ပြောင်းရွှေ့လာကြခြင်းသာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ပထ၀ီအနေအထားအရ မလေးရှားထက် များစွာ ပိုမိုကြီးမားသော်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ ဒါကြောင့် ပညာရှင်ကောင်းများများ စားစားမရှိပါ။ အရည်အချင်း မပြည့်မီတဲ့သူ များကို စင်ကာပူတွင် မလက်ခံချင်ပါ။ သို့ဖြစ်ပေရာ အစ္စလာမ် ဘာသာကိုးကွယ်သူအများစုဖြစ်သော မလေးလူမျိုးရာခိုင်နှုန်းသည် (၅)ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းစစ်တမ်းအရ မွတ်စလင် လူဦးရေရာခိုင်နှုန်းသည် ၁၉၈၀ခုနှစ်မှ ယနေ့တိုင် သိသိသာသာပြောင်းလဲမှု မရှိခဲ့ခြင်းဖြစ်ပါတယ်။

9

Page 218 မည်သည့်ဘာသာကိုမျှဘက်လိုက်မှု မရှိကြောင်း

10

Page 219 မည်သည့်လူမျိုးကိုမျှဘက်လိုက်မှု မရှိကြောင်း

11

Page 233 မလေးနှင့် အင်ဒိုလူမျိုးများ စင်ကာပူသို့ ပြောင်းရွှေ့နေထိုင်မှုနည်းခြင်းအကြောင်းရင်း

မိမိ၏ လူမျိုး၊ ဘာသာရေးအစွန်းရောက်အယူအဆကြာင့် ဘာသာရေး၊ လူမျိုးရေးအမုန်းတရားများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ် ချက်ဖြင့် သူတစ်ပါးတိုင်းပြည်ဥပဒေနှင့် အချက်အလက်များကို သေချာစွာ လေ့လာဆန်းစစ်ခြင်းမရှိဘဲ မဟုတ်မမှန်ရေး သားမှုသည်

(၁)အမှန်တကယ် ငြိမ်းချမ်းရေးကို မြတ်နိုးသူများအား ထိခိုက်သည်။

(၂)တိုင်းပြည်တိုးတက်မှုအား ကြီးမားသော အဟန့်အတားဖြစ်စေသည်။

(၃)ကောင်းမွန်ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသော စင်ကာပူရောက် မြန်မာအချို့အား သိက္ခာကျဆင်းစေသည်။ ဖြစ် ပါကြောင်း စေတနာ သတင်းစကား ပါးလိုက်ရပါတော့သည်။

 

↧

ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်း (သို့) Øresund တံတား

$
0
0

ဇူလိုင်-၂၈၊၂၀၁၃
M-Media Knowledge ကဏ္ဍ
ရှာဖွေတင်ဆက်သူ- မိုးတိမ်

M-Media ရဲ့ Knowledge အစီအစဉ်အနေနဲ့ ဥရောပတိုက်က အထူးခြားဆုံး တံတားတစ်စင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

panorama-Oresund-Bridge-Lin

Øresund ခေါ် Öresund တံတားဟာ ဥရောပက မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen နဲ့ ဆွီဒင်နိုင်ငံရဲ့ မြို့ကြီး Malmö တို့ကို အထပ်နှစ်ထပ်နဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းပါ။ ရထားလမ်းရောကားလမ်းပါ ပါဝင်ပြီး ရေပေါ် တံတားအနေနဲ့တစ်ပိုင်း ရေအောက်လှိုင်ဂူအနေနဲ့ တစ်ပိုင်းတည်ဆောက်ထားပြီး ထိုအမျိုးအစားတွေထဲက အကြီးဆုံး တံတားတစ်ခုဖြစ်ပါတယ်။

၁၉၉၅ မှာ စတင်တည်ဆောက်ပြီး ၁၉၉၉ မှာ ပြီးစီးသွားတဲ့ တံတားကို ၂၀၀၀ ခုနှစ် ဇူလိုင်လမှာ စတင်အသုံးပြုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၅.၇ သန်းကုန်ကျတဲ့ တံတားကို ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့က တဝက်စီ ပိုင်ဆိုင်ပြီး ၂၀၃၅ ခုနှစ်မှာ အရင်းကျေမှာဖြစ်ပါတယ်။

တံတားဟာ ဆွီဒင်ကမ်းဘက်ကနေ ၅ မိုင်အကွာမှာ တည်ဆောက်ထားတဲ့ လူလုပ်ကျွန်း Peberholm အထိ သွယ်တန်းထားပြီး ကျန်တဲ့ ၂ မိုင်ခွဲကိုတော့ ဒိုင်းမတ်ကျွန်း Amager အထိ ရေအောက်လှိုင်ဂူနဲ့ သွယ်တန်းထားပါတယ်။ တံတားအမြင့် မဆောက်ပဲ အကုန်အကျပိုများတဲ့ ရေအောက်လှိုင်ဂူတည်ဆောက်ရတာကတော့ အနီးအနားမှာရှိတဲ့ Copenhagen အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လေယာဉ်လမ်းကြောင်းတွေ မရှုပ်ထွေးစေဖို့ပါ။နောက်ပြီး ရာသီဥတုဆိုးရွားတဲ့အချိန်တွေမှာတောင် သင်္ဘောတွေလွပ်လွပ်လပ်လပ် သွားနိုင်အောင်အောင် စီစဉ်ထားတဲ့ Øresund တံတားကို အံ့ဖွယ် အင်ဂျင်နီယာတည်ဆောက်မှု တစ်ခုလို့ သတ်မှတ်ကြပါတယ်။

Ref: Wiki

↧

၂၈-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်းချူပ် စုစည်းမှု

$
0
0

ဇူလိုင်-၂၈-၂၀၁၃
M-Media

အမေရိကန် သေနတ်သမား ပစ်ခတ်မှု ခြောက်ဦးသေ

စနေနေ့က သေနတ်သမားသည် ၎င်း၏အခန်းတွင် ဒေါ်လာ တစ်သောင်းကို မီးတင်ရှို့ပြီး တွေ့ရာလူကို ပစ်ခတ်ခဲ့၍ ၆ဦးသေဆုံးသွားပြီး အထူးရဲတပ်ဖွဲ့က အသေပစ်ခတ် ခဲ့ရသည်။
___________________________________________
ရုရှ အာကာသယာဉ် နိုင်ငံတာကာ အာကာသစခန်းသို့ရောက်

ယနေ့မနက် ၂.၄ မက်ထရစ်တန် ရှိသော ကုန်ပစ္စည်းများကို သယ်ယူသွားသော ရုရှ အကာသယာဉ် Progress M-20M သည် ကာဇက်ကစ္စတန် စခန်းမှ ပစ်လွှတ်ပြီး ခြောက်နာရီခန့် အကြာတွင် နိုင်ငံတာကာ အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။
___________________________________________
မာလီနိုင်ငံ ရွေးကောက်ပွဲ ကျင်းပ

နိုင်ငံရေးအခြေအနေ ကာလရှည်ကြာ ရှုတ်ထွေးနေရာမှ ယနေ့ကျင်းမသော သမ္မတ ရွေးကောက်ပွဲ သို့ ပြည်သူအများ မဲပေးခဲ့ကြပြီး ထင်မှတ်ထားကြသည်ထက် ရွေးကောက်ပွဲမှာ အောင်မြင်မှုရှိပြီး ရွေးကောက်ပွဲရလာဒ်များကို ပြည်သူအများ စောင့်မျှော်လျက်ရှိသည်။
___________________________________________
အစ္စရေးတွင် ဆန္ဒခံယူပွဲ ပြုလုပ်မည
်
ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပါတ်သတ်သော ဥပဒေကို အတည်ပြုရန် နိုင်ငံသားများ၏ ဆန္ဒမဲကို ကောက်ခံမည် ဟုဆိုသည်။
___________________________________________
အမေရိကန်တွင် သမီးဖြစ်သူကို အဓမ္မကျင့်သူကို နောက်ထပ် နှစ် ၅၀ ထောင်ချ

နယူးဂျာစီမှ (အမည်ထုတ်ဖေါ်ခြင်းမရှိ) လူတစ်ဦးသည် ၎င်း၏ သမီးနှစ်ဦးကို အဓမ္မပြုကျင့်မှုတွင် ပထမ အမှုအတွက် ထောင်ဒါဏ် ၄၀နှစ် ကျခံနေရပြီး ဒုတိယ အမှုအတွက် ထောင်ဒါဏ် ၅၀ ကျခံစေလိုက်သည်။
___________________________________________
တူနီးရှားပါလီမန်ဖျက်သိမ်းဖို့ ဆန္ဒပြသမားတွေတောင်းဆို

တူနီးရှားနိုင်ငံမှာ အဓိက အတိုက်အခံနိုင်ငံရေးသမားတဦး လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ စနေနေ့မှာတော့ လွှတ်တော်အဆောက်အဦး အပြင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြတာပါ။ Tunis မြို့တော်မှာပဲ အစိုးရကို ထောက်ခံသူတွေကလည်း ဆန္ဒပြပွဲတခုကို သီးခြား ပြုလုပ်ခဲ့ကြ ပါတယ်။

↧
↧

ကချင် လူမှုကယ်ဆယ်ရေး အမျိုးသမီး ၀န်ထမ်း လဖိုင် ဆိုင်းရော် အာရှနိုဗယ်ဆု(ခေါ်) မက်ဆေးဆေးဆု ရရှိ

$
0
0

ဇူလိုင်-၂၅-၂၀၁၃
M-Media

072413-magsaysay

အာရှနိုဗယ်ဆု(ခေါ်) မက်ဆေးဆေးဆု ချီးမြှင့်ခြင်းခံခဲ့ရသူ ၄ ဦးမှ  ၂ဦးဖြစ်သူ မွတ်စလင်မ် နှင့် ခရစ်ယျာန်အမျိုးသမိး နှစ်ဥိး

ကြသာပတေးနေ့က ကချင်ပြည်နယ်ရှိလူမှုကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးဖြစ်သော ခရစ်ယာန်ဘာသာဝင် လဖိုင် ဆိုင်းရော်အား ယခုနှစ်အတွက် ဂုဏ်ထူးဆောင် မက်ဆေးဆေးဆု ရရှိသူ ၅ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ကြေညာပြီးနောက် သူမနှင့်ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သူများက သူမအား ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရသည်။

ထိုဆုအား မြန်မာနိုင်ငံ၏ နှစ်ရှည်လများ လူမှုလုပ်ငန်းလုပ်ဆောင်ခဲ့သော မက်တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တည်ထောင်သူ အပါအ၀င်၊ ဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးဝန်ထမ်း အန်းနက်စ်တို ဒိုမင်းဂို (Ernestro Domingo)၊ အာဖဂန်မှ  တက်ကြွလှုပ်ရှားသူ ဟဘီဘဟ် စာရာဘီ (HabibaSarabi)၊ အင်ဒိုနီးရှားမှ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဌာန နှင့် နီပေါလ်မှ တရားမ၀င်ကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ ရှက်ခ်တီ စမူဟာ (Shakti Samuha) တို့မှ အသီးသီးရရှိခဲ့ကြသည်။

စစ်ဒဏ်ခံ ကချင်ပြည်နယ်အတွင်း ၁၉၉၈ ခုနှစ်မှစတင်ကာ ဆိုင်းရော် နှင့်အတူ မက်တာတွင် တာဝန်ထမ်းဆောင်ခဲ့သော စောမင်းနိုင်က ဆိုင်းရော်သည် အသက် ၆၄ နှစ်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌် ငြိမ်းချမ်းရေးတည်တံ့ရန်အတွက် ထဲထဲဝင်ဝင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ပြောပြခဲ့သည်။
“ သူမဟာ အယူအဆများ နဲ့ နောက်ခံဘ၀များ မတူကွဲပြားတဲ့ တော်လှန်ရေးသမားတွေ နဲ့ အစိုးရခေါင်းဆောင်တွေကို စည်းရုံးပြီး ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေးအခန်းကဏ္ဍမှာ အစပျိုးလုပ်ဆောင်ခဲ့သူဖြစ်ပါတယ် ” ဟုစောမင်းနိုင် ကဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army  – KIA) ဟုအမည်ရသော တော်လှန်ရေးသမားများနှင့် မြန်မာစစ်တပ်သည် မကြာသေးမှီက ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ တရုတ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံမြောက်ပိုင်းအတွင်း လွန်ခဲ့သောနှစ်များက ဖြစ်လိုက်ရပ်လိုက်တိုက်ပွဲများကို အဆုံးသတ်ရန် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၁၉၈၇ ခုနှစ်မှ စတင်ကာ ဆိုင်းရော်သည် KIA ၏ နိုင်ငံရေးလုပ်ရှားမှုခေါင်းဆောင်မှ သူမအား ဒုက္ခသည်ပြည်သူများကို ကူညီရန် အကူအညီတောင်းခဲ့ပြီးနောက်တွင် ကချင်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လူမျိုးရေးခွဲခြားမှုများ နှင့် နှစ်ရှည်လများလက်နက်စွဲကိုင်တိုက်ခိုက်မှုများ အကြား သူမ၏ သမမျှတစွာ စွမ်းဆောင်မှုကြောင့် သူမအား ဆုချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း မနီလာအခြေစိုက် မက်ဆေးဆေး ဆုပေးအပ်မှုဆိုင်ရာကော်မတီမှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ထိုဆုချီးမြှင့်ခံရသည့်သတင်း ကြားပြီးနောက်၊  သူမသည် မိမိ၏ ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ အား ဧရာဝတီမြစ်အနီး တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်ကြီးအားတည်ဆောက်နေသော  ကချင်ပြည်နယ် မြစ်ဆုံဒေသစောင့်ရှောက်ကူညီရေး ကြိုးပမ်းမှုများထံသို့ ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း ဆိုင်းရော်က ပြောကြားလိုက်သည်။

↧

ဖလော်ရီဒါတွင် သောကြာနေ့က ဓားစာခံ ၇ ဦး သတ်ခံရ

$
0
0

ဇူလိုင်-၂၈၊ ၂၀၁၃
M-Media

7 people were killed in Florida on Friday
အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် သေနတ်သမားတစ်ဦးသည် စုပေါင်းအိမ်ရာတိုက်ခန်းတစ်ခုအတွင်း၌ လူများစွာကို  ဓားစာခံလုပ်ကာ လူ ၆ ဦးအား ပစ်သတ်ခဲ့ပြီးနောက် ၄င်းအား ပစ်ခတ်ဖမ်းဆီးရာ၌ သေဆုံးသွားခဲ့သည်။

ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီအနီး ဟီယာလေး(Hialeah) တွင် သောကြာနေ့က ရဲများသည် ၉၁၁ ခေါ်ဆိုမှုကို ရရှိခဲ့ပြီး ညနေ ၆း၃၀ နာရီမှစတင်ကာ နာရီပေါင်းများစွာ သေနတ် သမားနှင့် ညှိနှိုင်းခဲ့ကြသည်။

ရဲအရာရှိများသည် အိမ်ရာရှိလူများအား ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ပြီး၊ အိမ်ရာပတ်ဝန်းကျင်ရှိ လမ်းများကိုပိတ်ဆို့ခဲ့ကြသည်။ ထို့နောက် ပစ်ခတ်မှုများ မဖြစ်မှီအထိ သေနတ်သမားနှင့် ညှိနှိုင်းခဲ့သည် ဟု ဆိုသည်။

“ ကျွန်တော်တို့ကြုံခဲ့ရသမျှ ဒီပစ်ခတ်မှုက ဟီယာလေးမှာ အဆိုးဝါးဆုံး အဖြစ်ပျက်တွေထဲက တစ်ခုပဲ ” ဟု ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကားလ် ဇော့ခ်ဘီ (Carl Zogby) မှ NBC News သို့ပြောကြားခဲ့သည်။

SWAT အထူးတပ်ဖွဲ့သည် သေနတ်သမားအား  ၅ ထပ်တိုက်ရှိ ၄ လွှာတွင် လူနှစ်ဦးအား ဓားစာခံအဖြစ် ပြုလုပ်ထားဆဲအခြေအနေတွင် တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့သည်။

“ ဒီဖြစ်ရပ် အဆုံးသတ်တဲ့အခါ အပြစ်မဲ့ လူ ၆ ဦးနဲ့သေနတ်သမား ၁ ဦး စုစုပေါင်း လူ ၇ ဦး အသက်ဆုံးရှုံးသွားတယ် ” ဟု ဇော့ခ်ဘီ က ဆိုသည်။

ဓားစာခံများအနက် အမျိုးးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ရပြီး၊ အိမ်ရာမန်နေဂျာ နှင့် သူမ ယောက်ျား၏ အလောင်းများအား ခန်းမဆောင်ထဲတွင် တွေ့ရှိခဲ့ကြသည်။ အခြား ဓားစာခံ ၃ ဦးဖြစ်သော အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦး၏အလောင်းများကိုတော့ တိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့သည် ဟု သိရသည်။

နောက်ထပ် အမျိုးသားအလောင်းတစ်ခုအား လမ်းမ၏တစ်ဖက်ခြမ်းရှိ အဆောက်အဦ၏ ဧည့်ခန်းမဆောင်တွင် တွေ့ရှိခဲ့သည်။ သေနတ်သမားသည် ထိုသူ ထွက်လာသည်ကို တွေ့ရှိ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ရာမန်နေဂျာ၏သမီးဖြစ်သူ ရှမီရာ ပစ်စီယိုတီ (Shamira Pisciotti) က ဆိုသည်မှာ အိမ်ရာအတွင်း သေနတ်သမား နှင့်ပတ်သက်သော တိုင်ကြားချက်ရှိကြောင်း၊ ထိုတိုင်ကြားချက်နှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် သူမ၏မိဘများကို ၄င်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ISH/HJ

↧

အစိုးရကိုယ်တိုင် ဖန်တီးလိုက်တဲ့ အစ္စလာမ်မစ် အစွန်းရောက် ရန်သူသစ်

$
0
0

ဇူလိုင်-၂၈၊၂၀၁၃
M-Media
ဆောင်းပါးရှင်- ရန်လင်းဖြိုး

burma military -

၂၀၁၂ ရောက်မှ ဗြုန်းစားဆိုသလို မွတ်စလင်မ် ဆန့် ကျင်ရေးထပေါ်လာပါတယ်။ ဘယ်လောက်ထိအောင် ရက် စက်သလဲဆိုရင် လူအရှင်လတ်လတ်ကို ခုတ်ပိုင်းပြီး မီးပုံထဲပစ်ထည့်တဲ့အထိ ရက်စက်ပြခဲ့ပါတယ်။ ရက်စက်တဲ့ လူတွေက တခြားလူတွေ မဟုတ်ပါဘူး။ တကမ္ဘာလုံးက ငြိမ်းချမ်းပါရဲ့  ချစ်ခင်စရာကောင်းပါရဲ့ လို့  သတ်မှတ် ထားတဲ့ မြန်မာပြည်သူ အချို့ပါပဲ။

ဒီလောက်ဆိုးရွားလှတဲ့ စစ်အစို လက်ထက် နှစ်ပေါင်း ၅၀-၆၀ မှာ ဒီလောက်ရက်စက်တဲ့ အဖြစ်မျိုးမဖြစ်ဘဲ ဘာ ကြောင့် ဒီမိုကရေစီဖြစ်ပြီးပါပြီဆိုတဲ့ အချိန်မှဖြစ်ရတာလဲ။

အတွေးအခေါ်ပညာရှင် သောမတ်ဟော့ပ် အရဆိုရရင် ဒါဟာ အစိုးရလက်ချက်ပါပဲ။ လူအတော်များများ ပြောနေကြတဲ့အတိုင်းတော့ မဟုတ်ပါဘူး။ တိုင်းပြည်မတည် မငြိမ်မသက်ဖြစ်အောင် လုပ်ပြီး နာမည်ကောင်း ယူသလိုနဲ့  စစ်တပ်ပြန်ဝင်ရအောင်ဆိုပြီး ပြောဆိုနေကြပါတယ်။ တချို့ ကလည်း အရင် စစ်အစိုးရလက်ထက် သဘောထားတင်းမာသူတွေ၊ အပြောင်းအလဲကြောင့် အာဏာစွန့် လွတ်လိုက်ရတဲ့လူတွေက အပြောင်းအလဲကို ပြန်ပြီး နောက်ကြောင်းလှည့်ဖို့ လုပ်ကြံကြတာဆိုပြီး ပြောဆိုကြပါတယ်။ မှန်သင့်သလောက်တော့ မှန်ပါလိမ့်မယ်။ အဲ့ဒါအပြင် တခြားအရေးကြီးတဲ့ အချက်တချက်ရှိပါသေးတယ်။

ဒါဟာဘာလဲဆိုရင် လက်ရှိအစိုးရအပါအ၀င် အုပ်ချုပ်သူလူတန်းစားတွေက သူတို့ အာဏာပါဝါတည်မြဲရေးအ တွက် ပြည်သူတွေကို လိမ်ဖို့ လိုလို့  ဖန်တီးလိုက်တဲ့ အစိုးရရဲ့ လှည့်ကွက်ပါပဲ။

သောမတ်စ်ဟော့ပ်က အစိုးရတွေဟာ ပြည်သူအပေါ်အုပ်ချုပ်ဖို့ အခွင့်အရေးရှိဖို့ အတွက် ပြည်သူတွေက ငါတို့ ကို အုပ်ချုပ်ပါဆိုပြီး သဘောတူမှုရှိရပါတယ်။ အင်္ဂလိပ်လို social contract လို့ ပြောဆိုကြပါတယ်။ ပြည်သူနဲ့  အစိုး ရကြား သဘောတူညီမှုပါပဲ။ ပြည်သူတွေက အုပ်ချုပ်ခွင့် ပေးထားတာဟာလဲ အကြောင်းမဲ့ မဟုတ်ပါဘူး။ ပြည်သူတွေကို ကာကွယ်ဖို့ အတွက် ပြည်သူတွေက သူတို့ ပိုင်ဆိုင်တဲ့ အလုံးစုံ လွတ်လပ်ခွင့် (absolute freedom) ကို စွန့် လွတ်ပြီး (သို့ ) အကန့် အသတ်ခံပြီး အစိုးရကို အုပ်ချုပ်ခွင့် အာဏာပေးထားတာပါ။ သူတို့ ကို ကာကွယ်ဖို့ ဆိုတဲ့ လုံခြုံရေးကိစ္စကြောင့်ပါ။ ဆိုလိုတာက ပြည်သူတွေကို လုံခြုံရေးပေးဖို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့  အစိုးရတွေက ပြည်သူတွေအပေါ် အုပ်ချုပ်ခွင့် အခွင့်အာဏာရှိနေတာပါ။ ဒီလိုပါပဲ ပြည်သူ တွေကလည်း အစိုးရဘယ်လောက်ပဲ ဆိုးဆိုး အစိုးရဟာ ပြည်သူတွေကို ကာကွယ်ရမယ်လို့ သတ်မှတ်ပါတယ်။ အစိုးရဟာ ပြည်သူတွေကို အတွင်းရန် အပြင်ရန်တွေကနေ အကာအကွယ်ပေးရမယ့် အဖွဲ့ အစည်းလို့ ပဲ မှတ်ယူကြပါတယ်။

အစိုးရတွေ အာဏာဆက်ရှိနေဖို့ ၊ အစိုးရဆိုတဲ့ အဖွဲ့ အစည်းတခု ဆက်လက်တည်ရှိနေဖို့ ဆိုတာ ပြည်သူတွေကို ကာကွယ်ပေးဖို့လိုလို့ ပဲဖြစ်ပါတယ်။ ကာကွယ်ပေးရမယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဘာရန်ကိုကာကွယ် ပေးရမှာလဲဆိုတာက မေးစရာပါ။ ရန်သူဆိုတာရှိနေမှ ရန်ဆိုတာလည်းရှိမှာမလို့ အစိုးရတွေက ပြည်သူတွေရဲ့  social contract ကို ရဖို့  ရန်သူဆိုတာ လိုပါတယ်။ မင်းသားလုပ်ဖို့ အတွက် လူဆိုးဆိုတာရှိမှရတဲ့ အတွက် အစိုးရတွေ မင်းသားလုပ်ဖို့  လူဆိုး ဆိုတာ ရှိကို ရှိရပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာလည်း အစိုးရအတွက် ရန်သူဆိုတာ မရှိတော့ရင် တနည်းမဟုတ်တနည်း အစိုးရတွေ ကိုယ်တိုင်ကပဲ ဖန်တီးကြပါတယ်။ ဒီလိုနဲ့  ပြည်သူတွေကို လှည့်စားကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်  တလျှောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့  ကွန်မြူနစ်တွေက အစိုးရရဲ့ ရန်သူတွေအဖြစ်ရှိခဲ့တယ်။ အဲ့ဒီရန်သူ (အစိုးရအခေါ် အဖျက်သမား၊ သောင်းကျန်းသူ) တွေရဲ့  ရန်ကနေ ကာကွယ်ရမယ် ဆိုပြီး သူတို့  အုပ်ချုပ်မင်းလုပ်ခဲ့တယ်။ သူတို့ မရှိရင် တိုင်းပြည်ပြိုကွဲမယ်ဆိုပြီး အာဏာကို ကိုင် ထားခဲ့တယ်။ လက်နက်ကိုင်တွေရဲ့ ရန်က ကာကွယ်ဖို့ ဆိုပြီး ထိုင်ခုံပေါ်က မဆင်းပဲနေနေတဲ့ စစ်အစိုးရအတွက် လက်နက်ကိုင်တွေသာ မရှိတော့ရင် (သူ့ အကြောင်းပြချက် မရှိတော့ရင်) ထိုင်ခုံပေါ်ဆက်နေရခက်သွားမယ်။ ဒါကြောင့် အကြောင်းပြချက်ဆိုတာ လိုလာတယ်။ ဒါမှမဟုတ် အဲ့ဒီ အကြောင်းပြချက်ဆိုတာ ဆက်ပြီး မှန်နေဖို့  (ဆိုလိုတာက ရန်သူဆက်ရှိနေဖို့ ) လိုလာတယ်။ ဒီအချက်ကို ချက်နိုင်ငံသားပညာရှင် (Education Initiative) ဒါရိုက်တာ Igor Blazevic ကလည်း ထောက်ပြပါတယ်။

အခု ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့ တွေနဲ့  တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးယူပြီဆိုရင် အစိုးရအတွက် ရန်သူအဟောင်းက မေးမှိန် သွားမယ်။ ဒါဆိုရင် သူ့ အကြောင်းပြချက်က ပြဿနာရှိလာတဲ့အတွက် ပြဿနာတခုကို မီးထွန်းရှာပြီး ရန်သူအသစ်ကို ဖန်တီးလိုက်တာပါပဲ။ အခုရန်သူအ သစ်တွေက နိုင်ငံတကာက အစ္စလာမ်မစ် အစွန်းရောက်တွေဖြစ်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က အာဖက်အေမှာ တန်းစီးပြီး ရွတ်ပြသွားပါတယ်။ ဘယ်နိုင်ငံ ဘယ်အဖွဲ့ ဟာဖြင့် မြန်မာပြည်ကို ခြိမ်းခြောက်နေပြီဆိုပြီး။ အဲ့ဒီ အင်တာဗျူးမှာ ဒုဝန်ကြီး ဦးရဲထွဋ်က တိုင်းပြည်အတွက် အဆုံးစွန်ထိ ပြင်ဆင်ရမယ်ဆိုပြီးပြောတယ်။

ရှင်းနေပါတယ်။ ရန်သူသစ်ကို ဖန်တီးလိုက်တယ်။ ပြည်သူတွေကို အဲ့ဒီရန်သူတွေရဲ့  ရန်ကနေ ကာကွယ်ဖို့ လိုတယ်ဆိုပြီး အစိုးရက ထိုင်ခုံမှာ ဆက်ထိုင်နေအုံးမယ်။

ပြည်သူတွေကို ကာကွယ်ရမယ်ဆိုတဲ့ အဲ့ဒီ (ခုလူဝတ်လဲ) စစ်ဗိုလ်ဟောင်းတွေကပဲ ပြည်သူတွေကို နှစ်ပေါင်း ၆၀ ဒုက္ခပေးခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒီ စစ်ဗိုလ်ဟောင်းတွေကပဲ ပြည်သူတွေကို ထောင်ထဲပိတ်လှောင်၊ ရိုက်နှက်၊ သတ်ဖြတ်၊ ညင်းပမ်းနှိပ်စက်ခဲ့တာပဲ မဟုတ်ဘူးလား။ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ဖျက်ဆီးလာတဲ့ စစ်ဗိုလ်ဟောင်း တွေက မြန်မာပြည်သူတွေကို ကာကွယ်မယ်ဆိုတာ ယုံစရာလား။

၂၀၁၂ မှာ ဖြစ်သွားတဲ့ မွတ်စလင်မ်ဆန့် ကျင်ရေးဆိုတာ တကယ်တော့ အစိုးရရဲ့  လှည့်ကွက်ပါပဲ။ သူတို့ ဖြစ် တည်မှု (ထိုင်ခုံပေါ်ဆက်ထိုင်နိုင်ဖို့ ) အတွက်၊ သူတို့ ကယ်တင်ရှင်လုပ်ဖို့ အတွက် ရန်သူသစ်ကို ဖန်တီး လိုက်ခြင်းပါပဲ။ ပြည်သူတွေရဲ့  အသက်၊ သွေးချွေးနဲ့ အိုးအိမ်စည်းစိမ်တွေကို ချကျွေးပြီး အစ္စလာမ်မစ်ရန် ဆိုတဲ့ ရန်သူသစ်ကို ပြည်သူတွေအတွက် ဖန်တီးပေးလိုက်တာပါ။

မြန်မာအစိုးရက စစ်အစိုးရဖြစ်ပါတယ်။ ဘယ်အရာမဆို စစ်တပ်စဉ်းစားသလို စဉ်းစားတယ်၊ စစ်တပ် လုပ်သလိုလုပ်တယ်။ ဘယ်အရာကိုမှ ဗျူဟာမချဘဲ၊ Plan A, Plan B, Plan C ဆိုတာ မရှိပဲ ဘယ်တော့မှ မလုပ်ဘူးဆိုတာ မြန်မာပြည်သူတွေ ကောင်းကောင်းနားလည် သဘောပေါက်ဖို့ လိုပါတယ်။ ခုဖြစ်နေတဲ့ မွတ်စလင်မ် ဆန့် ကျင်ရေးဆိုတာလည်း သူတို့ ဗျူဟာကျကျ တွေးခေါ်၊ စီစဉ်၊ ပြင်ဆင်ပြီးမှ တခုချင်းစီကို အချိန်နဲ့  ကိုက်ညီပြီး ထောင့်စေ့အောင် ပြင်ဆင်ပြီးမှ အကောင်အထည်ဖော်နေတယ်ဆိုတာ သိဖို့ လိုပါတယ်။

** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

 

↧

၂၉-၇-၂၀၁၃ အားကစားသတင်းများ

$
0
0

ဇူလိုင်-၂၉-၂၀၁၃
M-Media

Maria-Sharapova-Wimbledon-2013-rd-1_2963369

ဘေးလ်အားခေါ်ယူရန် ရီးရဲလ်မက်ဒရစ် လက်မလျှော့သေး

တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ်အားခေါ်ယူရန် အကြိမ်ကြိမ်ကြိုးစားနေသော ရီးရဲလ်မက်ဒရစ်အသင်းနေဖြင့် ယခုအခါတွင်လည်း ယူရိုသန်း ၆၀ အပါအ၀င် အသင်း၏ ကစားသမားများဖြစ်ကြသည့် ဒီမာရီယာနှင့် ဖေဘီယို ကိုအန်ထရာအိုတို့ကိုပါ အလိုက်ပေး၍ ကမ်းလှမ်းလိုက်သည်ဟု သိရသည်။
______________________________________________
ရီးရဲလ်သို့ ပြောင်းရွှေ့ရန် အန်ဆယ်လော့တီနှင့် ဆွေးနွေးခဲ့သည်ဟု အီဗာရာဟီမိုဗစ်ဆို

ပီအက်စ်ဂျီအသင်း၏တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်သည် အန်ဆလော့တီ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့စဉ်ကတည်းက သူ၏အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးခဲ့သည်ဟုသိရသည်။ အန်ဆယ်လော့တီမှာ ယမန်နှစ်က ပီအက်စ်ဂျီအသင်းအား ကိုင်တွယ်ခဲ့ သူဖြစ်သည်။ ၎င်းအနေဖြင့် အန်ဆယ်လော့တီနှင့်ဆွေးနွေးခဲ့သည်မှာ မှန်ကန်ကြောင်း သို့ရာတွင် အချက်အလက်အနည်းငယ်သာဖြစ်ကြောင်း အီဗရာဟီမိုဗစ်က ဆိုသည်။
______________________________________________
ပီလီဂရီနီမှာ အသင်းအတွက် အကောင်းဆုံများကို ဆောင်ကျဉ်းပေးလိမ့်မည်ဟု ကစားသမားသစ် နာဗတ်စ် ဆို

မန်စီးတီးအသင်းသို့မကြာသေးမီက ရောက်ရှိလာသည့် ဂျီးစပ်စ် နာဗတ်စ်က အသင်း၏ နည်းပြသစ် ပီလီဂရီနီအနေဖြင့် လာမည့်ရာသီသစ်တွင် အသင်းနှင့်၊ ကစားသမားများအတွက် အကောင်းဆုံးရလဒ်များကို ယူဆောင်ပေးနိုင်မည်ဟု ပြောကြေားလိုက်သည်။ ပီလီဂရီနီမှာ နည်းပြကောင်း တစ်ဦးဖြစ်ကြောင်း၊ မန်စီးတီးအသင်းသို့ပြောင်းရွှေ့ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ အသင်းနှင့် အံဝင်ရန်မှာအရေးကြီးကြောင်း၊ လာမည့် ရာသီတွင် ၎င်းတို့အနေဖြင့် ကြီးမားသော အရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
______________________________________________
ဘိုင်ယန်ကွင်းလယ်ယူ ဂျာမနီ၏ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရ

ယမန်နှစ်က ရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းအောင်မြင်မှုများအတွက် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သော ကစားသမားများထဲမှ တစ်ဦးဖြစ်သည့် ရှဝိုင်းစတိုင်ဂါသည် ဂျာမနီအားကစားမဂ္ဂဇင်း ကစ်ကာမှ ရွေးချယ်သော တစ်နှစ်တာ အကောင်းဆုံးဘောလုံး သမားအဖြစ် ရွေးချယ် ခံခဲ့ရသည်ဟု သိရသည်။ ၎င်းအား အကြိမ်များစွာဝေဖန်ခဲ့သည့် ကစ်ကာမှာ ယင်းကဲ့သို့ရွေးချယ်ခဲ့ခြင်းအတွက် ၎င်းအနေဖြင့် အနည်းငယ်သာအံ့သြမိကြောင်း၊ သို့ရာတွင် ထိုဆုမှာ ဘိုင်ယန်အသင်းအတွက်သာဖြစ်ကြောင်း သူက ဆိုသည်။
______________________________________________
ရာသီအကြိုတွင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းက ရာသီသစ်အတွက် အင်အားဖြစ်လာမည်ဟု ဒီဖိုးဆို

ဘာကလေအာရှဖလားပြိုင်ပွဲ ပွဲစဉ်တစ်ခုဖြစ်သည် တော့တင်ဟမ်အသင်းက တောင်တရုတ်အသင်းအား ၆ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ထိုကဲ့သို့ ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းက လာမည့်ရာသီသစ်အတွက် အင်အားဖြစ်စေသည်ဟု တော့တင်ဟမ် အသင်း၏ တိုက်စစ်မှူး ဂျာမိန်းဒီဖိုးက ဆိုသည်။ ရာသီသစ်ကို အကောင်းဆုံးပုံစံဖြင့် စတင်ချင်ကြောင်း ရာသီအစပွဲစဉ်များသည် အသင်းသား အားလုံးအတွက် အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
______________________________________________
ဘင်ဖီကာနောက်ခံလူအား အငှားဖြင့်ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ

လီဗာပူးလ်အသင်းသည် အသင်း၏ ဘယ်နောက်ခံနေရာအတွက် ဘင်ဖီကာနောက်ခံလူ မယ်လ်ဂရေဟိုအား အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
______________________________________________
ချယ်ဆီးနောက်ခံလူ လူးဝစ်အား ယူရိုသန်း ၄၀ ဖြင့် ဘိုင်ယန်ကမ်းလှမ်းမည်

ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အနေဖြင့် ချယ်ဆီးနောက်ခံလူ ဒေးဗစ် လူးဝစ်အား ယူရို သန်း ၄၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်ဟု သိရသည်။ သီယာဂို ဆေးလ်ဗား အားခေါ်ယူရန်ကြိုးပမ်းမှု အချီးအနှီးဖြစ်ခဲ့ရပြီးနောက် ဘိုင်ယန်နည်းပြ ပက်ပ် ဂွာဒီယိုလာက လူးဝစ်အားခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။
______________________________________________
ဘာစီလိုနာ၏ ကမ်းလှမ်းမှုအား ၎င်း၏ ဇနီးသည်ကိုပင်မပြောပြခဲ့ဟု ဘာကာနည်းပြသစ်ဆို

၎င်းအနေဖြင့် ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုအား ပါရာဂွေးသမ္မတမှတစ်ဆင့် သိရှိရပြီး ဘာစီလိုနာဥက္ကဌ ဆန်ဒရို ရော့ဆဲလ်နှင့် အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးချိန်အထိ ၎င်း၏ ဇနီးအား အသိမပေးခဲ့ဟု ဘာကာနည်းပြသစ် မာတီနိုက ဆိုသည်။
______________________________________________
ဟန်ဂေရီ ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် ဟာမီလ်တန် အနိုင်ရရှိ

တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့သည့် ဖော်မြူလာဝမ်း ဟန်ဂေရီဂရင်းပရီကားမောင်‘ပြိုင်ပွဲတွင် မာစီဒီးအသင်း၏ ပြိုင်ကားမောင်သမား လူးဝစ်ဟာမီလ်တန်က ဗိုလ်စွဲခဲ့သည်ဟု သိရသည်။ ၎င်း၏ ကားမောင်းသက်တမ်းတစ်လျှောက်တွင် အရေးကြီးသောနိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ မာစီးဒီးအသင်းသို့ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် အနိုင်ရယူပေးနိုင်ခြင်းမှာ ထူးခြားမှုတစ်ခုဖြစ်ကြောင်း ဟာမီလ်တန်က ပြောဆိုခဲ့သည်။
______________________________________________
ခရိုအေးရှားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တောမီ ရိုဘရီဒိုဗိုလ်စွဲ

တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ခရိုအေးရှားတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်တင်းနစ်သမား တောမီ ရိုဘရီဒိုက အီတလီ တင်းနစ်သမား ဖေဘီယို ဖောဂ့်နီနီအား ၆-၀၊ ၆-၃ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထိုဗိုလ်လုပွဲမှာ ကောင်းမွန်သော ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ၎င်းအနေဖြင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ချန်ပီယံဖြစ်သည့် ခံစားမှုမျိုးကို ငွေဖြင့်ဝယ်၍ မရနိုင်ကြောင်း ရိုဘရီဒိုက ပြောကြားခဲ့သည်။
______________________________________________
ဆွဇ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရုရှားနိုင်ငံသား မစ်က်ဟေးလ် ယူဇနီဗိုလ်စွဲ

ဆွဇ်အိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို တနင်္ဂနွေနေ့က ကစားခဲ့ပြီး ရုရှားတင်းနစ်သမား မစ်က်ဟေးလ် ယူဇနီက အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။ ဗိုလုပွဲတွင် ယူဇနီနှင့် ဟော်လန်တင်းနစ်သမား ရော်ဘင် ဟာစီတို့ကစားခဲ့ကြပြီး ကစားချိန် ၆၈ မိနစ်ကြာမြင့်ခဲ့ကာ ယူဇနီက ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အဆင့် ၃၃ ရှိသည့် ယူဇနီသည် ၂၀၁၂ ဖေဖော်ဝါရီနောက်ပိုင်း အေတီပီ တင်းနစ်ပြိုင်ပွဲများတွင် ပမဦးဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်သည်။
______________________________________________
တင်ပါးဒဏ်ရာကြောင့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲမှ ရှာရာပိုဗာနှုတ်ထွက်

ကမ္ဘာ့အဆင့် ၂ ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာမှာ လာမည့်လတွင် ကနေဒါနိုင်ငံ တိုရွန်တိုတွင် ကျင်းပမည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ပြီဟု သိရသည်။ တင်ပါးဒဏ်ရာကြောင့် နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည့် ရှာရာပိုဗာက ကနေဒါရှိ သူမ၏ ပရိတ်သတ်အတွက် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်အောင် ကြိုးစားခဲ့သော်လည် သူမ၏ ဒဏ်ရာမှာ သက်သာမှုမရှိသေးကြောင်း ပြောဆိုခဲ့သည်။
______________________________________________
ဘာကူးဖလားအား စဗီတိုလီနာ ဆွတ်ခူး

အာဇာဘိုင်ဂျန်တွင် ကျင်းပပြုလုပ်နေသည့် ဘာကူးဖလား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို တနင်္ဂနွေနေ့က ကစားခဲ့ပြီး ယူကရိန်းလူငယ် တင်းနစ်မယ် အယ်လီနာ စဗီတိုလီနာက အစ္စရေးတင်းနစ်မယ် ရှာဟာပီးယားအား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့ကာ ဘာကူးဖလားအား ဆွတ်ခူးရရှိခဲ့သည်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် စဗီတိုလီနာက အဆိုပါပွဲမှာ ခက်ခဲသည့် ပွဲစဉ်တစ်ခုဖြစ်ပြီး သူမအနေဖြင့် အပြင်းအထန်ကြိုးစား ခဲ့သောကြောင့် ယခုကဲ့သို့ ရလဒ်ကောင်းကိုရရှိခဲ့ခြင်းဖြစ်ကြောင်း ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
______________________________________________
RBC ကနေဒီယန်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆနက်ဒီကာ ဗိုလ်စွဲ

အမေရိကန် ဂေါက်သီးသမား ဘရန့် ဆနက်ဒီကာသည် တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် ကနေဒီယန် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် သတ်မှတ် ရိုက်ချက်ထက် ၃ ချက်လျှော့ရိုက်ကာ ဗိုလ်စွဲသွားကြောင်း သိရသည်။ ဘူဂီ ၂ ချက်မိခဲ့ပြီး ဘာဒီ ၄ ချက်ရခဲ့ပြီးသည့် ဆနက်ဒီကာမှာ ပီဂျီအေတိုး ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

↧
↧

မျက်တစ်မှိတ် အတွင်း မြင်ကွင်းတွေ ချဲ့ကြည့်နိုင်မည့် မျက်ကပ်မှန် တီထွင်

$
0
0

ဇူလိုင်၂၉၊ ၂၀၁၃
M-Media Knowledge ကဏ္ဍ
ရှာဖွေတင်ဆက်သူ – မိုးတိမ်

glass
မျက်တောင် တစ်ချက်အခတ်မှာ မြင်ကွင်းကို တဆ ချဲ့နိုင်မယ့် မျက်ကပ်မှန်ကို ကယ်လီဖိုးနီးယား ဆန်ဒီအေးဂိုး တက္ကသိုလ် (UCSD) မှ သုတေသနပညာရှင်တွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။

သူတို့ဟာ zoom ဆွဲကြည့်နိုင်မယ့် မျက်ကပ်မှန်ပုံစံတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီသိပ္ပံပညာ စမ်းသပ်လေ့လာမှု အောင်မြင်တာဟာ သက်ကြီးရွယ်အိုတွေနဲ့ အမြင်အာရုံချို့ယွင်းသူ တချို့အတွက် တော်တော် အကျိုးရှိစေမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ သေးငယ်ပြီး အနည်းငယ်ချဲ့ကြည့်နိုင်တဲ့ တယ်လီစကုပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မှန်ဘီလူးကနေ ကြည့်တဲ့ပုံစံအတိုင်းပါ။” လို့ ပါမောက္ခ Joseph Ford ကဆိုပါတယ်။

Ford နဲ့ သူ့အဖွဲ့ဟာ ဒီနည်းပညာကို စမ်းသပ်တီထွင်နေတာ ၈ နှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။

ဒီသုတေသနကို အမေရိကန် ကာကွယ်ရေး အဆင့်မြင့် သုတေသန အစီအစဉ်များ အေဂျင်စီ (USDARPA) က ငွေကြေးထောက်ပံ့ထားတာဖြစ်ပြီး ရှေ့တန်းမှာ ဘယ်လိုစွမ်းဆောင်ပေးနိုင် မလဲဆိုတာ ရှည်ရှည်ဝေးဝေးတွေးစရာတောင် လိုမယ်မထင်ပါဘူး။

UCSD နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ရဲ့ ပထမအကြိမ်စမ်းသပ်မှုကို လုပ်ဆောင် ပြီးသွားပါပြီ။မြင်ကွင်းကို ၂.၈ ဆချဲ့ကြည့်နိုင်မှာပါ။  မျက်ကပ် မှန်ဘီလူးဟာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်တယ်ဆိုတာကို သိပေမယ့် မျက်တောင်ခတ် အာရုံခံ ကိရိယာအတွက် လုပ်ဆောင်ဖို့ကျန်ပါသေးတယ်။

“နောက်တဆင့် ကျွန်တော်တို့လုပ်ရမှာက လူတယောက်တပ်နိုင်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ လွပ်လွပ်လပ်လပ်နဲ့ တပ်ဆင်သွားလာနိုင်ဖို့ဖြစ်ပါတယ်” လို့ Ford က ဆိုပါတယ်။

ကိုးကား – FOX5 San Diego

↧

အရှင်ဇဝန မိန့်ကြားတော်မူသော ၉၆၉ နှင့် မျိုးစောင့် ဥပဒေအပေါ် သူ၏အမြင်

$
0
0

ဇူလိုင်-၁၄၊ ၂၀၁၃
via Thu Ya FB

၉၆၉ ဂိုဏ်း အကြောင်း အထောက်အထားနဲ့ တကွ ပြောကြားတော်မူသော အရှင်ဇဝန(ရွှေပြည်သာ ပရိယတ္တိ စာသင်တိုက် တည်ထောင်သူ) နှင့် ကိုမောင်မောင်ဝမ်း ၈၈ ကျောင်းသား ခေါင်းဆောင် (ရေနံချောင်း)

Connection မကောင်းသော M-Media ပရိတ်သတ်များ Download လုပ်ပြီး ကြည့်လိုလျှင်
Size 26MB
From Drop Box => http://goo.gl/3rDhQR

↧

သန်လျင် နည်းပညာတက္ကသိုလ်တွင် BarCamp TU Thanlyin 2013 ကျင်းပမည်

$
0
0

ဇူလိုင်-၂၉၊၂၀၁၃
M-Media
မောင်လျှောက် (မြန်မာမြေ)
Thanlyin

နည်းပညာ တက္ကသိုလ် (သန်လျင်)၌ ကျင်းပပြုလုပ်မည့် BarCamp TU Thanlyin 2013 ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ (Wed) ၌ ခမ်းခမ်းနားနား ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Speakerများအနေဖြင့် အင်ဂျင်နီယာပိုင်းမှ နာမည်ကြီး ဆရာကြီးများ၊ အင်ဂျင်နီယာ လုပ်ငန်းရှင်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များပါဝင်မည်ဖြစ်ပြီး စာပေပိုင်း၌လဲ နာမည်ကြီး စာရေးဆရာကြီးများ ဖိတ်ကြားထားကြောင်းနှင့် အနုပညာပညာရှင်ကဏ္ဍအတွက် ကိုပြေတီဦးနှင့် မတင်မိုးလွင်တို့အား တက်ရောက်ဟောပြောပေးဖို့ ဖိတ်ကြားထားကြောင်း သိရှိရသည်။

အိုင်တီနည်းပညာပိုင်းမှလဲ ပညာရှင်များနှင့် ဝါသနာရှင်များ၊ အခြားသောကဏ္ဍအသီးသီးမှလဲ ပညာရှင်များ ဖိတ်ကြားထားကြောင်းသတင်းရရှိသည်။ ။

တက်ရောက်သူများထဲမှ ဟောပြောလိုသည့်သူများအတွက်လဲ  ဟောပြောနိုင်ရန် ပြင်ဆင်ပေးထားကြောင်းနှင့် နိုင်ငံတကာမှ ပညာရှင်များလဲ ပါဝင်ဟောပြောမည်ဟု သိရသည်။

မနက်၈နာရီခွဲ၌ ဖွင့်ပွဲစတင်ပြုလုပ်မည်ဖြစ်ပြီး BarCamp ကို ၉နာရီတွင် စတင်မည်ဖြစ်ပါသည်။ ဆွေးနွေးဟောပြောမည့်အခန်း ၁၀ ခန်းသတ်မှတ်ထားပြီ တခန်းလျှင် ၄၅ မိနစ်နှုန်းဖြင့် အခန်း တစ်ခန်းကို ၅ကြိမ် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ လိုအပ်လာလျှင် ဟောပြောမည့် အခန်း၃ခန်းထပ်တိုး အဆင်သင့်ပြင်ဆင်ထားပေးပါသည်။

BarCamp TU Thanlyin ဖွင့်ပွဲ၊ ပိတ်ပွဲကို Sky Net ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု သိရပါသည်။

စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြိး အောက်ပါဖုန်းနံပါတ်များသို့ မေးမြန်းစုံစမ်းနိုင်ကြောင်းသိရှိရပါသည်။
ကိုကျော်ဇင်ထက် 095199205
ကိုစည်သူအောင် 0942003453
ကိုမောင်ကြီး 095402705

↧

အမေရိကန် သံအမတ်ကြီး Mitchell မန္တလေးတက္ကသိုလ်ရှိ ဦးရာဇတ်ခန်းမ သို့ သွားရောက်လည်ပတ်

$
0
0

ဇူလိုင်-၂၉-၂၀၁၃

M-Media

US Ambassador Mitchell

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mitchell  မန္တလေးမြို့သို့ရောက်ရှိစဉ် အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြိး ဦးရာဇတ်အား အမည်ပေးဂုဏ်ပြုထားသည့် မန္တလေး တက္ကသိုလ်စာကြည့်တိုက်ဟောင်း ဖြစ်ခဲ့သော ရာဇတ်ခန်းမဆောင်ရှေ့တွင် ဆရာကြီးရာဇတ်၏ သား ဦးတင်မြင့်၊ မြေးဖြစ်သူ ဒေါက်တာမြတ်ထူးရာဇတ်နှင့် မိသားစုဝင်များနှင့် အမှတ်တရ ဓါတ်ပုံရိုက်နေစဉ်။

ဓါတ်ပုံ-  U.S. Embassy Rangoon

↧
↧

၂၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

$
0
0

ဇူလိုင်-၂၉-၂၀၁၃
M-Media

ကမ္ဘောဒီးယားရွေးကောက်ပွဲ

ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ပါတီက အမတ်အရေအတွက် ၁၂၃ နေရာအနက် ၆၈ နေရာ ရရှိခဲ့သော်လည်း ၎င်းတို့ ပါတီသက်တမ်းတစ်လျောက် အဆိုးရွားဆုံး ရလာဒ်ဖြစ်သည်။ ၎င်းတို့ အာဏာလက်ရှိ ပါတီဖြစ်သည့် အလျှောက် နည်းမျိုးစုံဖြင့် မဲပိုရအောင် ပြုလုပ်ခြင်းများရှိခဲ့သဖြင့် ရွေးကောက်ပွဲ ရလာဒ်ကို အတိုက်အခံပါတီမှ ကန့်ကွက်ထားသည်။
________________________________
ဇင်ဘာဘွေရွေးကောက်ပွဲ

ယခုလ ၃၁ရက်နေ့တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် ဇင်ဘာဘွေ နိုင်ငံတစ်ဝှမ်း ပါတီများမှ မဲဆွယ်ပွဲများ ပြုလုပ်လျက်ရှိသည်။
________________________________
အစ္စရေးမှ ပါလက်စတိုင်းအကျဉ်းသားများလွှတ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိုအဖြစ် ပါလက်စတိုင်း နိုင်ငံရေး အကျဉ်းသား ၁၀၄ဦး လွှတ်ပေးရန် လွှတ်တော်မှ အတည်ပြုပေးလိုက်သည်။
________________________________
နိုကီယာ၏ ၄၁ megapixel ကင်မရာနှင့် ဖုန်း

လက်ကိုင်ဖုန်း ထုတ်လုပ်သူများ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် နောက်ကျကျန်ခဲ့သော နိုကီယာက လူအများ အံ့ဩစေလောက်မည့် 41-megapixel camera ပါဝင်သည့် Lumia 1020 ကို မိတ်ဆက်ပြသလိုက်သည်။
________________________________
ယူရို သန်း ၄၀ ဖိုး လက်ဝတ်ရတနာများ ခိုးယူခံရ

တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ အပန်းဖြေကမ်းခြေရှိ Carlton ဟိုတယ်တွင် လက်ဝတ်ရတနာ ပြပွဲပြုလုပ်စဉ် သေနတ်သမားတဦး ကလာရောက်လုယူသွားခဲ့ခြင်းဖြစ်ပြီး လိုက်လံဖမ်းဆီးနေဆဲဖြစ်သည်။
________________________________
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၀ါရှင်တန်မှာ ပြန်လည်စတင်

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ၃ နှစ်ကြာလောက် ရပ်တန့်နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး အကြို ဆွေးနွေးမှုတွေ ဒီကနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

↧

ပဲရစ်မြို့ရှိ အိုးအိမ်မဲ့သူများ အတွက် မွတ်စ်လင်မ်တို့၏ဒါန

$
0
0

သြဂုတ်-၄၊၂၀၁၃
M-Media

Muslim Charity Feeds Paris Homeless
ပဲရစ်မြို့ရှိ ထောင်နှင့်ချီသော မွတ်စ်လင်မ်ဟုတ်သူ မဟုတ်သူ သူဆင်းရဲများ နှင့် အိုးမဲ့အိမ်မဲ့များကို ရမဿွာန်ဥပုသ်လ အတွင်း လုပ်အားပေးများဖြင့် ကျွေးမွေးပြုစုသည့် ဒါနအစီအစဉ်တစ်ရပ် ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်၏။

“ ဒီကိုလာရောက်ပြီး ဥပုသ်လွှတ်ဝါဖြေတဲ့ မွတ်စ်လင်မ်တွေကိုသာမက အသက်အရွယ်နဲ့ကျောထောက်နောက်ခံမရွေး မွတ်စ်လင်မ်မဟုတ်သူတွေ၊ အိုးအိမ်မဲ့သူတွေ၊ အရက်စွဲနေသူတွေကိုပါ ကျွန်တော်တို့ ကျွေးမွေးပြုစုကြပါတယ်။ ကျွန်တော်တို့ရဲ့တံခါးကို လူတိုင်းအတွက် ဖွင့်လှစ်ပေးထားပါတယ် ” ဟု ဒါနအသင်းဥက္ကဌ ဟကီမ် ဒီဒိုးရှေး(Hakim Didouche) မှ သြဂုတ်လ ၃ ရက်၊ စနေနေ့တွင် France 24 သို့ ပြောကြားခဲ့သည်။

ပဲရစ်မြို့ အရှေ့မြောက်ဖက် ပိုတေး ဒီ လိလပ်စ်(Porte des Lilas)အရပ်တွင် သတ္တုနှင့်ပလပ်စတစ်စပ် ယာယီအဆောက်အဦ၌ (လူမျိုးဘာသာကျောထောက်နောက်ခံမရွေး) အိမ်ရာမဲ့နှင့်နွမ်းပါးသူများအား စွပ်ပြုတ်တိုက်ကျွေးရေးအစီအစဉ်(Une Chorba Pour Tous)ကို လုပ်အားပေး ၃၀ ဦးဖြင့် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။

လွန်ခဲ့သည့် ၂၁ နှစ်ကျော်ကာလမှစ၍ ရမဿွာန်လမြတ်အတွင်း နေ့စဉ်နေ့တိုင်း လူတစ်ထောင် နှင့် ၁၂၀၀ ၀န်းကျင်အထိ ယင်းသို့ အခမဲ့ကျွေးမွေးလာခဲ့ခြင်းဖြစ်သည်။ ၄င်းကို Culture Qatar – ကာတာယဉ်ကျေးမှုအဖွဲ့ နှင့် တစ်ဦးချင်းအလှူရှင်များမှ ပံ့ပိုးထောက်ပံ့ကြသည်။

“ အလှူရှင်အများစုဟာ တစ်ဦးချင်းသီးသန့်လှူဒါန်းသူတွေ ဖြစ်ပါတယ် ” ဟု ဒီဒိုးရှေးက ပြောပြ၏။

ကျွေးမွေးမှုမတိုင်မီ တစ်နာရီခန့်အလိုတွင် မိမိအိမ်သို့ ယူပြန်လိုသူ ရာပေါင်းများစွာကို တန်းစီစေ၍ ထုပ်ပိုးပေးကမ်းကြသည်။

လုပ်အားပေးသူ ၃၀ ဦးတွင် ကျောင်းသူကျောင်းသားများ၊ အလုပ်သမားများ၊ အလုပ်လက်မဲ့များ နှင့် အငြိမ်းစားများ ပါဝင်သည်။ ၄င်းသူတို့သည်  ချက်ပြုတ်ရေး၊ ဟင်းရွက်သီးနှံစီမံရေး၊ အစီအစဉ်ကျနရေး၊ သန့်ရှင်းရေး စသည့် မိမိတို့နှစ်သက်အားသန်ရာကဏ္ဍများ၌ စာနာမှုဖြင့် တိတိကျကျ ၀င်ရောက်လုပ်ကိုင်သွားလေ့ရှိကြသည်။

“ တစ်စုံတစ်ရာကို ကောင်းကျိုးပြုပေးဆပ်ပြီး ကူညီဖို့အတွက် ဒီကိုရောက်လာခြင်းဖြစ်ပါတယ်။ ရမဿွာန်လအတွင်းမှာ ပိုမိုအားထုတ်ဖို့အရေးကြီးတယ်။ ဒီလိုလုပ်ခြင်းက နာမ်ပိုင်းဆိုင်ရာတင်းတိမ်မှုခံစားချက်ကို ရရှိစေတယ်လေ ” ဟု အသက် ၂၂ နှစ်အရွယ် လုပ်အားပေးတစ်ဦးဖြစ်သော အစ်စင်းန်မှ ဆိုသည်။

မမေ့နိုင်စရာ အမှတ်သညာ

ဝါဖြေပွဲတက်ရောက်လာသူများအား ကျွေးမွေးပြုစုမှုများကြောင့် ထိုနေရာတစ်ဝိုက်မှာ အခမ်းအနားတစ်ခုကဲ့သို့အလား သွက်လက်ရွှင်မြူးသောစကားဝိုင်းများဖြင့် စိုပြေနေကြ၏။

မိမိ၏ခင်ပွန်းသည် ခါလစ်ဒ်နှင့်အတူ လာရောက်ဝါဖြေသော ၀ရ်ဒဟ်(၂၈ နှစ်)က “ ၀ါဖြေခြင်းက ကျွန်မအဖို့ အရေးအပါဆုံး သမယတစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး ” ဟု France 24 သို့ပြောကြားခဲ့သည်။ သူမသည် ပြင်သစ်အနောက်ပိုင်းဒေသ ဇာတိမြေမှ ပဲရစ်သို့ မကြာသေးမှီက ပြောင်းရွှေ့လာသူဖြစ်သည်။ သူမအတွက် မျှော်လင့်မထားသောရပ်ဝန်းမှ အစီအစဉ်ကြောင့် အံ့သြ၀မ်းသာဖြစ်နေခဲ့၏။

ထိုဇနီးမောင်နှံကား လွန်ခဲ့သည့် ၂ ပတ်ကတည်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ နေအိမ်နှင့်အလုပ်အကိုင် အခြေတကျ မရှိသေးချေ။
“ ဒီ့အလျင်က ကျွန်တော်တို့ဟာ ဈေးဆိုင်တွေမှာ အချိန်အတော်ကြာ သွားလာခဲ့ပြီး ကားထဲမှာဖြစ်စေ၊ ဟိုတယ်မှာ ဖြစ်စေ စားသောက်ကြရတယ်။ ဒီရောက်လာတော့ တော်တော်အဆင်ပြေသွားတယ်။ နွေရာသီရဲ့အပူဒဏ်ပြင်းနေလင့်ကစား ပူပူနွေးနွေးစားသောက်ရတာက စိတ်ချမ်းသာစရာပါဘဲ ” ဟု ခါလစ်ဒ် က ဆို၏။

ပြင်သစ်၌ အစ္စလာမ့်ပြက္ခဒိန်၏အမွန်မြတ်ဆုံး ရမဿွာန်လသည် ဇူလိုင် ၉ ရက်၊ အင်္ဂါနေ့က စတင်ခဲ့သည်။

ရမဿွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စ်လင်မ်တို့သည် အရုဏ်ချိန်မှ နေ၀င်ချိန်ထိ အစာရေစာ၊ ဆေးလိပ်၊ လိင်မှု ကိစ္စများကို ရှောင်ကြဉ်ကြသည့်ပြင် ဖျားနာသူများ၊ ခရီးသည်များကို ကူညီကြည့်ရှုလေ့ရှိကြ၏။ အလ္လာဟ်အရှင်မြတ်၏နှစ်မြို့မှု ရရှိရေးအလို့ငှာ ၀တ်ပြုမှုများ၊ မိမိကိုယ်ကို ထိန်းချုပ်မှုများ၊ ကောင်းမှုလုပ်ရပ်များဖြင့် ရမဿွာန်၏အချိန်ကာလများကို ဖြတ်သန်းလေ့ရှိကြသည်။

↧

၈ လေးလုံး အရေးတော်ပုံနှင့် မြန်မာမွတ်စလင်မ် :: သမိုင်းထဲက ပုံရိပ်(၂)

$
0
0
ygn

ရှစ်လေးလုံး အရေးတော်ပုံမှ မြန်မာမွတ်စလင်မ် တို့ ပုံရိပ်များ (ရန်ကုန်)

44

ရှစ်လေးလုံး အရေးတော်ပုံမှ မြန်မာမွတ်စလင်မ် တို့ ပုံရိပ်များ (မန္တလေး  )

Photo via=> Pathi Zaw Min Tun

80

ရှစ်လေးလုံး အရေးတော်ပုံမှ မြန်မာမွတ်စလင်မ် တို့ ပုံရိပ်များ (မန္တလေး  )

Photo via=> Pathi Zaw Min Tun

108

ရှစ်လေးလုံး အရေးတော်ပုံမှ မြန်မာမွတ်စလင်မ် တို့ ပုံရိပ်များ (မန္တလေး  )

Photo via=> Pathi Zaw Min Tun

UBM

ဓါတ်ပုံများ ဆက်လက်ကြည့်ရှုလိုလျှင် =>Click Here

↧

စနိုဒင်အား ရုရှမှ ခိုလှုံခွင့်ပေးမှုနှင့် ပတ်သက်၍ မော်စကိုနှင့် ၀ါရှင်တန် အကြား ဆက်ဆံရေး သုံးသပ်ချက်

$
0
0

သြဂုတ်- ၂ ရက်- ၂၀၁၃
M-Media

BRITAIN-G8-SUMMIT

Photo-AFP

အမေရိကန်အတွင်းရေးဖွင့်ချသူ အက်ဒ်ဝါ့ဒ် စနိုဒင်ကို ရုရှနိုင်ငံက ခိုလှုံခွင့်ပေးလိုက်ခြင်းဟာ မော်စကိုနဲ့ဝါရှင်တန်အကြား  ခါးသည်းတဲ့ဆက်ဆံရေးတစ်ခု အစပျိုးဖို့ ဆွပေးလိုက်သလို ဖြစ်သွားတယ်။ ဒါပေမယ့် သူတို့ရဲ့အကျိုးစီးပွားတွေအရ စစ်အေးတိုက်ပွဲကာလလွန်မှာ ပြဿနာပွင့်ထွက်မလာစေဖို့ ကိုယ်စီကိုယ်ငှ ထိန်းသိမ်းစောင့်စည်းနေရတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

အမေရိကန်ထောက်လှမ်းရေးပရိုဂရမ်အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချလိုက်တဲ့အတွက် တရားစွဲစီရင်ဖို့ အမေရိကန်ကလိုအပ်နေသူကို ခိုလှုံခွင့်တစ်နှစ်ပေးလိုက်တာကြောင့် ၀ါရှင်တန်က မော်စကိုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

“ အလွန်အင်မတန်စိတ်ပျက်ဖွယ်ကောင်းပါတယ် ” လို့ အိမ်ဖြူတော်က ဆိုလိုက်တယ်။ လာမယ့် စက်တင်ဘာလမှာ ဗလာဒီမာ ပူတင် နဲ့ ဘားရက်ခ် အိုဘားမားတို့ဟာ အပြန်အလှန် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရေး စီစဉ်ဖို့လိုအပ်ကြောင်း ဆုံးဖြတ်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီအငြင်းပွားမှုကြီးမားလာခြင်းရှိမရှိဆိုတာကတော့ ဗလာဒီမာပူတင်အုပ်ချုပ်မှုအောက်က အခွင့်အရေးချိုးဖောက်မှုအပေါ်သာ မူတည်နေပါလိမ့်မယ်။ နှစ်ဖက်စလုံးဟာလည်း ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်ဖက်အမြင် ရှိနေကြတယ်။

ဆိုဗီယက်ယူနီယံပြိုကွဲပြီး နှစ်ပေါင်းနှစ်ဆယ်ကာလ၀န်းကျင်အတွင်း ရုရှ-အမေရိက ဆက်ဆံရေးဟာ နိမ့်တုံမြင့်တုံ အတက်အကျမညီမှုထဲမှာ တ၀ဲလည်လည် ဖြစ်နေခဲ့တယ်။ စနိုဒင်ကိစ္စကြောင့် ပေါက်ကွဲမှု မဖြစ်နိုင်ဘူးလို့ သုတေသီများက သုံးသပ်ထားကြတယ်။

“ အိုဘားမား နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖျက်သိမ်းမယ်ဆိုယင် ဆက်ဆံရေးရှုပ်ထွေးပြင်းထန်သွားစေမယ့် အထောက်အထားတစ်ရပ် ဖြစ်သွားပါလိမ့်မယ် ” လို့ မော်စကိုမြို့၊ ကာနက်ဂျီစင်တာက မာရီယာ လစ်ပ်မန် (Maria Lipman) ပြောကြားလိုက်တယ်။

“ ဒါပေမယ့် ဒါဟာ ဆက်ဆံရေး ထိခိုက်ပျက်ယွင်းနေပြီလို့တော့ ဆိုလိုရာ မရောက်ပါဘူး။ အိုဘားမားရဲ့ ထိပ်တန်းဦးစားပေးကိစ္စတွေထဲမှာ ရုရှနဲ့အတူ လက်နက်လျှော့ချရေးသဘောတူညီမှုကိစ္စလည်း အပါအ၀င် ဖြစ်နေတာကြောင့်မို့ပါဘဲ။ ရုရှနဲ့ဆက်ဆံရေးမှာ အိုဘားမားအပေါ် စိတ်ဝင်စားမှု အားနည်းသွားနိုင်ပေမယ့်လည်း ဒီကိစ္စမှာကတော့ သေရေးရှင်ရေးအထိ ဆိုးဝါးသွားစရာ မရှိပါဘူး ” ဆိုပြီး သူမက AFP သတင်းဌာနကို ပြောကြားခဲ့တယ်။

ပူတင်ကတော့ “ လုံခြုံရေးဆိုင်ရာ အသေးအဖွဲအငြင်းပွားချက်ထက် နိုင်ငံအချင်းချင်းဆက်ဆံရေးက ပိုပြီး အရေးကြီးတယ် ” လို့ ဇူလိုင်လ ၁၇ ရက်က ထုတ်ပြန်ပြောဆိုပြီး စနိုဒင်အရေးနဲ့ မရောထွေးအောင် ဆိုထားပါတယ်။

ကြာသပတေးနေ့က ခိုလှုံခွင့်ပေးလိုက်ကြောင်း ကြေငြာပြီး မိနစ်အနည်းငယ်မှာ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီ အုရှာကော့ဗ်(Yury Ushakov) က စနိုဒင်ရဲ့အရေးဟာ အသေးအဖွဲမျှသာဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဆက်တိုက်ပြောဆိုလိုက်ပါတယ်။

ရုရှဆီလာဖို့ စနိုဒင်ကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ကြောင်း၊ သူဟာ ဇွန်လ ၂၃ ရက်မှာ ဟောင်ကောင်ကနေ မော်စကိုရဲ့ Sheremetyevo လေဆိပ်ကို မမျှော်လင့်ဘဲ ရောက်လာခဲ့တာဖြစ်တဲ့အကြောင်း ကရင်မလင်က အထပ်ထပ်အခါခါ ပြောဆိုခဲ့တယ်။

မော်စကိုမှာရှိတဲ့ အမေရိကန်-ကနေဒါတက္ကသိုလ်က ဗေလာရီ ဂါဘူဇော့ဗ်(Valery Garbuzov) ပြောကြားတာကတော့
“ ရုရှဟာ စနိုဒင်ြ ပဿနာကို အလိုမရှိသော်လည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လို့လာခဲ့တာပါ။ သူ့ကို လက်ပြောင်းပေးဖို့က လူသားမဆန်ရာ ရောက်တာအမှန်ပါဘဲ။ ဒါပေမယ့် သူ့ကို ခိုလှုံခွင့်ပေးလိုက်တဲ့ ရုရှခေါင်းဆောင်တွေရဲ့တုံ့ပြန်မှုဟာ ဆက်ဆံရေးကိုလည်း ရှုပ်ထွေးသွားစေပါတယ် ” လို့ ဖြစ်တယ်။

နှစ်နိုင်ငံဆက်ဆံရေးမှာ အကွဲအပြဲ မရှိတာကတော့ ထင်ရှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုယင် ပြီးခဲ့တဲ့ သောကြာနေ့မှာ မော်စကိုက အမေရိကန်သံအမတ် မိုက်ကယ် မက်ဖောင်းလ်(Michael McFaul) က အုရှာကော့ဗ်နဲ့ တွေ့ဆုံခဲ့တယ်။ စနိုဒင်ရဲ့ အနေအထားသစ်အပါအ၀င် ဆီးရီးယားအရေး၊ ဒုံးကျည်ကာကွယ်ရေးကိစ္စ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ပြောကြားလို့ဖြစ်ပါတယ်။

အိုဘားမားအနေနဲ့ စိန့်ပီတာစဘတ်မှာကျင်းပမယ့် စက်တင်ဘာ G20 ထိပ်သီးဆွေးနွေးပွဲကို ဘယ်လိုအခြေအနေဘဲဖြစ်နေပါစေ တက်ရောက်လာဖို့ ရှိပါတယ်။

ဒါပေမယ့် ပူတင်နဲ့ တစ်ဦးချင်းဆွေးနွေးဖို့အတွက် မော်စကို ကို သီးခြားလာဖို့ ရှိတယ်လို့ မျှော်လင့်ထားကြတယ်။ ဒီလို လာရောက်ခြင်းဟာ ၂၀၁၂ ခုနှစ်၊ မေလ၊ ကရင်မလင်ထဲ တတိယအကြိမ်ပြန်လည်ဝင်ရောက်လာတဲ့ ပူတင် နဲ့ အိုဘားမားအကြား ပထမဆုံး နှစ်ဦးချင်း တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။

ယခုချိန်အထိတော့ သူတို့နှစ်ဦးက နိုင်ငံတကာထိပ်သီးညီလာခံရဲ့ အများရှေ့မှောက်မှာ အကျဉ်းရုံးတွေ့ဆုံမှုမျိုးလောက်ပဲ ရှိထားကြတာပါ။

အိုဘားမားဟာ ပြည်တွင်းဝေဖန်ရေးခံရလင့်ကစား မော်စကို အရောက် လာနိုင်ချေရှိတယ်လို့ ကမ္ဘာ့ရေးရာရုရှဂျာနယ် အယ်ဒီတာ ဖိုင်အိုဒိုးရ် လုက်ယာနော့ဗ်(Fyodor Lukyanov) က ဆိုပါတယ်။

“ ပူတင်က စနိုဒင်အရေးနဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားနေတယ်။ ပြီးတော့ ရုရှဟာ အခြေအနေများရဲ့ဓားစာခံ ဖြစ်နေရကြောင်း သူက အလေးအနက်ထားပြောဆိုလေ့ရှိပါတယ်။ အမေရိကရဲ့ တုန့်ပြန်အရေးယူမှုဆိုတာကတော့ ရုပ်လုံးပြချက်သက်သက်လောက်သာ ဖြစ်မှာပါ ”။

စနိုဒင်ကို ခိုလှုံခွင့်ပေးလိုက်ပြီးတဲ့နောက် အမေရိကန် ရီပတ်ဘလီကဲန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း(John MiCain) က “ ကျွန်တော်တို့ရဲ့ ပတ်သက်ဆက်ဆံမှုအပေါ် အခြေခံကျကျ ပြန်လည်စဉ်းစားသုံးသပ်ဖို့ နဲ့ မော်စကိုကို အပျော့ဆွဲမနေဖို့ အချိန်ကျပြီ ” ဆိုပြီး ပြောကြားခဲ့တယ်။

သို့တစေ စနိုဒင်ကိစ္စနဲ့စပ်လျဉ်းပြီး ပူတင်ရဲ့စကားကိုကြည့်ယင် သူဟာ ကရင်မလင် နဲ့ ၀ါရှင်တန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားလိုကြောင်း တွေ့ရတယ်လို့ လစ်ပ်မန် ကဆိုပါတယ်။
“ သူ(စနိုဒင်)ကို တခြားနိုင်ငံပို့ဆောင်ရေးအပါအ၀င် တခြားနည်းလမ်းတွေ ရှာထားပါတယ်။ ရုရှားကို စနိုဒင် ရောက်လာဖို့ ပူတင်က ကြိုးစားပြုလုပ်ခဲ့တာမှ မဟုတ်ဘဲလေ ” ဟုလည်း သူမက ဖြည့်စွက်ပြောခဲ့ပါတယ်။

- AFP/gn

↧
↧

၎-၈-၂၀၁၃ အားကစားသတင်းများ

$
0
0

သြဂုတ်-၄ရက်၊ ၂၀၁၃
M-Media
Fernando-Torres
Trophée des champions ဖလားအား ပီအက်စ်ဂျီဆွတ်ခူး

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းမှာ ဘော့ဒိုးအသင်းအား ၂ ဂိုး ၁ ဂိုး ဖြင့်အနိုင်ရရှိခဲ့ကာ Trophée des champions ဖလားအား ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။ ဘော့ဒိုးအသင်းမှာ ဟင်နရီဆိုင်းဗတ်၏ ပထမပိုင်း ၃၈ မိနစ် သွင်းဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ပီအက်စ်ဂျီမှ ဟာဗင် အွန်ဂျန်ဒါက ၈၁ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့ပြီး ချယ်ဆီးအသင်းမှ ပြောင်းရွှေ့လာသူ နောက်ခံလူ အဲလက်စ်က နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ Trophée des champions ဖလားမှာ ပြင်သစ်လိဂ်ဝမ်း ချန်ပီယံအသင်းနှင့် ပြင်သစ်ရှုံးထွက်ဖလား ချန်ပီယံအသင်း နှစ်သင်းသာ ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။
____________________________________
ရာသီအကြိုတွင် ယခုကဲ့သို့အားထုတ်မှုမျိုး ဘိုကာဂျူနီယာတွင်ရှိစဉ်ကတည်းက မပြလုပ်ခဲ့ဟုဆို

ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးသစ်ဖြစ်သူ ကားလို့စ်တီဗက်ဇ်က သူ၏ ရာသီအကြိုးအားထုတ်မှုများသည် မကြာမီလာတော့မည့် လိဂ်ပြိုင်ပွဲများ အတွက် ထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောဆိုလိုက်သည်။ မန်ချက်စတာစီးတီးအသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ အသက် ၂၉နှစ်အရွယ်ရှိ တီဗက်ဇ်က ၎င်းအနေဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင်ခဲ့ပြီး ဘိုကာဂျူနီယာတွင်ရှိစဉ်ကတည်းက ရာသီကြိုတွင်ယခုကဲ့သို့ အားထုတ်မှုများမပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
____________________________________
အေစီမီလန်မှထွက်ခွာရန် မစဉ်းစားခဲ့ဘူးဟု အလ်ရှာရာဝီဆို

စီးရီးအေကလပ် အေစီမီလန်အသင်း၏ အီတလီလူငယ်တိုက်စစ်မှူး စတီဖင် အလ် ရှာရာဝီက ၎င်းအနေဖြင့် မီလန်မှထွက်ခွာရန် မည်သည့်အခါမှ မစဉ်းစားခဲ့ဟု ပြောဆိုလိုက်သည်။ အသက် ၂၀ အရွယ်ရှိ သူက မီလန်မှာ ၎င်းငယ်စဉ်ကတည်းက အားပေးခဲ့သည့်အသင်းဖြစ်ပြီး မီလန်တွင်ကစားရသည်မှာ အိပ်မက်များအကောင်အထည်ပေါ်လာခြင်းဖြစ်ကြောင်း၊ မီလန်မှထွက်ခွာရန် မည်သည့်အခါမှ စဉ်းစားခဲ့ခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
____________________________________
တိုက်စစ်မှူးဘန်တနာ အသင်းမှထွက်ခွာမည်မဟုတ်ဟု ၀င်းဂါးဆို

အာဆင်နယ်နည်းပြအာဆင်ဝင်းဂါးက အသင်းရှိ ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာမှ အသင်းမှ ထွက်ခွာလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ၀င်းဂါးက ဂါဗင်ဟိုနှင့် ချာမက်မှာ အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း၊ ဘန်တနာမှာ မည်သည့်အသင်းကိုမှ ပြောင်းရွှေ့မည်မဟုတ်ဘဲ အာဆင်နယ်တွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အား ခေါ်ယူရန်ကမ်းလှမ်းထားသည်။
____________________________________
တောရက်စ်နှင့်လိုက်ဖက်မည့် ကစားကွက်ဖြင့် အသင်းအား ပြင်ဆင်မည်ဟု မော်ရင်ဟိုဆို

ချယ်ဆီးအသင်း၏ တစ်ကျော့ပြန်နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက အသင်းအား တိုက်စစ်မှူးဖာနန်ဒိုတောရက်စ်နှင့်လိုက်ဖက်သည့် ကစားကွက်ဖြင့် ပြောင်းလဲပြင်ဆင် သွားမည်ဟု ပြောဆိုလိုက်သည်။ မော်ရင်ဟိုက တောရက်မှာ တက်ကြွကြီး ပြင်းပြင်းထန်ထန်ကြိုးစားသည့် ကစားသမားဖြစ်ကြောင်း အသင်း၏ တိုက်စစ်အားပြုသည့် ကစားပုံတစ်ချို့မှာ တောရက်စ်နှင့်လိုက်ဖက်ကြောင်း ပြောဆိုခဲ့သည်။ တောရက်စ်မှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ချယ်ဆီးအသင်းသို့ ပေါင် သန်း၅၀ဖြင့် ပြောင်းရွှေလာပြီး ကတည်းကုံမှန်နေရာအတွက် ရုန်းကန်နေရသူဖြစ်သည်။
____________________________________
ပီယာလို၏ နေရာအား ရယူလိုသည်ဟု လူငယ်ကစားသမား အောဂ့်ဘွန်နာဆို

ဂျူဗင်တပ်စ်အသင်း၏ လူငယ်ကွင်းလယ်ကစားသမား ပေါလ်အော့ဂ်ဘွန်နာက အသင်းရှိ ၀ါရင့်ကစားသမား ပီယာလို၏နေရာကို ရယူလိုသည်ဟု ပြောဆိုလိုက်သည်။ ယမန်နှစ်က ဂျူဗီအတွက် ၁၈ ပွဲကစားပေးခဲ့ပြီး ငါးဂိုးသွင်းယူပေးခဲ့သည့် အသက် ၂၀ အရွယ်ရှိ အဆိုပါကစားသမားမှာ ကျင်းပပြီးစီးခဲ့သည့် အသက် ၂၀အောက် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူ ဗိုလ်စွဲခဲ့သူဖြစ်ပြီး မကြာသေးမီကမှ အသင်းသို့ပြန်လည်ရောက်ရှိလာသူဖြစ်သည်။ ၎င်းက အသင်းတွင်ပထမဦးစားပေးအဖြစ်ကစားချင်ကြောင်း
ပီယာလို၏နေရာတွင်ကစားရပါက ကျေနပ်စရာဖြစ်ကြောင်း ဂျူဗီအသင်းမှာ ယမန်နှစ်ကထက် ပိုမိုတောင့်တင်းလာကြောင်း အောဂ့်ဘွန်နာက ပြောကြားခဲ့သည်။
____________________________________
ဖာဘရီဂတ်စ် နူးကမ့်အား စွန့်ခွာမည်မဟုတ်ဟု ဘာကာဆို

ဘာစီလိုနာအသင်း၏ ဒုတိယဥက္ကဌ ဂျာဗီယာဖော့စ်က မိမိတို့ကွင်းလယ်လူ ဖာဘရီဂတ်စ်မှာ ဘာစီလိုနာအသင်းမှ ထွက်ခွာလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။ ဖာဘရီဂတ်စ် အပြောင်းအရွှေ့အတွက် မန်ယူနှင့် ဘာကာတို့ ဆက်သွယ်မှုများရှိနေသည်ဟုသတင်းများက ဖော်ပြကြသော်လည်း ဂျာဗီယာဖော့စ်က မန်ယူအသင်းမှ စိတ်ဝင်စားမှုမှာမှန်ကန်ကြောင်း၊ သို့ရာတွင် ဖာဘရီဂတ်စ်မှာ အသင်းနှင့် စာချုပ်ကျန်ရှိနေသေးပြီး နည်းပြကလည်း ၎င်းအား အသင်းမှထွက်ခွာသွားရန် မလိုလားကြောင်း သူက ပြောဆိုခဲ့သည်။
____________________________________
ရှဝိန်းစတိုင်ဂါအားခေါ်ယူရန် မန်ယူစိတ်ဝင်စားလာ

မန်ချက်စတာယူနိုက်တက်အသင်းသည် ဘိုင်ယန်မြူးနစ်အလယ်တန်းလူ ဘက်စတီယန် ရှဝိန်းစတိုင်ဂါအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။ ဘာကာကွင်းလယ်လူ ဖာဘရီဂတ်စ်အား ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ရှဝိန်းစတိုင်ဂါအား ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။
____________________________________
ဆစ်ဆိုခို လီဗာပူးလ်သို့ပြောင်းရွှေ့တော့မည်

ဗလင်စီယာအသင်း၏ ဘယ်နောက်ခံလူ အလီ ဆစ်ဆိုခိုမှာ လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့တော့မည်ဟု သိရသည်။ ယခုနှစ်တွင် တစ်နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူမည်ဖြစ်ပြီး လာမည့်နှစ်တွင် ဆစ်ဆိုခိုအား လီဗာပူးလ်မှ အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။
____________________________________
စီးတီးအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒလ်ပေါ်ထရို ဆီးမီးဖိုင်နယ်သို့တက်ရောက်

ဝါရှင်တန်တွင်ကျင်းပလျက်ရှိသည့် စီးတီးအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားကွာတားဖိုင်နယ်ပွဲစင်တွင် အာဂျင်တိုင်းတင်းနစ်သမား ဂျူအန် မာတင် ဒလ်ပေါ်ထရိုက တောင်အာဖရိက တင်းနစ်သမား ကီဗင် အန်ဒါဆန်အား အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟုသိရသည်။ ကစားချိန် ၁ နာရီ ၄၅ မိနစ် ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ပေါ်ထရိုက အန်ဒါဆန်အား ၇-၆(၇-၀)၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဆီးမီးဖိုင်နယ်တွင် ဂျာမန် တင်းနစ်သမား တောမီ ဟားစ်နှင့်တွေ့ဆုံရမည်ဖြစ်သည်။
____________________________________
bet-at-home Cup တင်းနစ်ပြိုင်ပွဲတွင် မာဆယ်ဂရန်နိုလာ ဗိုလ်စွဲ

သြစတီးယားနိုင်ငံ၌ ကျင်းပနေသည့် bet-at-home Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်တင်းနစ်သမား မာဆယ် ဂရန်နိုလာက အာဂျင်တိုင်းတင်းနစ်သမား ဂျူအန်မိုနာကိုအား အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ မိုနာကိုအား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း နောက်မှပြန်လိုက်ကစားကာ ၀-၆၊ ၇-၆၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့သည့် ဂရန်နိုလာမှာ သူ၏ ဖရော်ဖက်ရှင်နယ် ကစားသမားဘ၀တစ်လျှောက် ၄ ကြိမ်မြောက် အေတီပီတိုး ချန်ပီယံဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

↧

Condé Nast Traveler မဂ္ဂဇင်း၏ ခင်မင်စရာကောင်းသော မြို့ခံများနေရာ ခရီးသွားချင်ဖွယ် ကမ္ဘာ့ မြို့ ၁၀ မြို့စာရင်း၌ မန္တလေးမြို့က နံပါတ် ၇ ရရှိ

$
0
0

M-Media
သြဂုတ်လ ၅ ရက်၊ ၂၀၁၃

Condé Nast Traveler မဂ္ဂဇင်း၏ စာဖတ်ပရိသတ်က ရွေးချယ်ခဲ့သည့် လည်ပတ်စရာချင်စရာကောင်းမွန်သော ခင်မင်နှစ်လိုဖွယ်မြို့ခံများနေရာ မြို့တော်စာရင်း (Top 10 Friendliest Cities in the world) တွင် မြန်မာနိုင်ငံမှ မန္တလေးမြို့က နံပါတ် ၇ နေရာ ရရှိခဲ့ကြောင်း အေဖက်ပီသတင်းတစ်ရပ်က ဖြော်ပသည်။

 

မန္တလေးမှ ကမ္ဘာကျော် ဦးပိန်တံတား (ဓာတ်ပုံ -  ဝေစိုင်း)

မန္တလေးမှ ကမ္ဘာကျော် ဦးပိန်တံတား (ဓာတ်ပုံ – ဝေစိုင်း)

နံပါတ် ၁ နေရာကိုမူ ဘရာဇီးနိုင်ငံ ကမ်းခြေဆိပ်ကမ်းမြို့ဖြစ်သည့် ဖလိုရီရန်နိုပိုလစ်မြို့က ရရှိခဲ့သည်။ ဘူတန်၊ ဘာလီနှင့် အိုင်ယန်လန်စသည့်နိုင်ငံများမှ မြို့ကြီး မြို့ငယ်များ ပါဝင်ခဲ့ကြသည်။ နယူးယောက်၊ လန်ဒန်နှင့် တိုကျိုစသည့် မြို့ကြီးပြကြီးများမှာမူ ထင်ထားသည့်အတိုင်း စာရင်းဝင် ခဲ့ကြခြင်းမရှိချေ။

ထိုစာရင်းတွင် နှစ်လိုဖွယ်မကောင်းသည့် ထိပ်ဆုံးမြို့ ၁၀ မြို့ကိုလည်း ရွေးချယ်ခဲ့သည်။ ထိုမြို့များတွင် ထိပ်ဆုံး နံပါတ် ၁ ၌ အမေရိကန် နယူးဂျာစီရှိ နယူးဝါက်မြို့က ဦးဆောင်နေပြီး ပါကစ္စတန်၊ တိုဂိုနှင့် မော်ရိုကိုစသည့်နိုင်ငံများမှ မြို့များ ပါဝင်သည်။

Condé Nast Traveler မဂ္ဂဇင်းမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေဆိုက် Condé Nast မဂ္ဂဇင်းထုတ်ဝေရေးမှ ထုတ်ဝေသည့် ခရီးသွားလမ်းညွှန် နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး ၁၉၈၇ မှ စတင် ထုတ်ဝေခဲ့သည်။

Condé Nast Traveler က ၄င်းတို့ရွေးချယ်သည့် စာရင်းကို သဘောတူမှု ရှိမရှိ ပရိသတ်အမြင်တောင်းခံထားပါသည်။ (သွားရောက်ကြည့်ရှုရန် လင့် – www.cntraveler.com/vote/readers-choice-survey-2013)

Condé Nast Traveler ၏ နှစ်လိုဖွယ်အကောင်းဆုံးနှင့် မကောင်းဆုံး မြို့ ၁၀ မြို့စီ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Friendliest

1. Florianopolis, Brazil
2. Thimphu, Bhutan
3. Queenstown, New Zealand
4. Charleston, South Carolina
5. Paro, Bhutan
6. Margaret River, Australia
7. Mandalay, Burma
8. Kilkenny, Ireland
9. Ubud, Bali, Indonesia
10. Chiang Mai, Thailand

Unfriendliest

1. Newark, New Jersey
2. Islamabad, Pakistan
3. Oakland, California
4. Luanda, Angola
5. Kuwait City, Kuwait
6. Lome, Togo
7. New Haven, Connecticut
8. Detroit, Michigan
9. Atlantic City, New Jersey
10. Tangier, Morocco

↧

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းအတွင်း အသေးစား ပေါက်ကွဲမှုဖြစ်ပွား

$
0
0
Buddhist templ

ယမန်နေ့ညက ဘုန်းကြီးကျောင်းတွင်း ဖြစ်ပွားခဲ့သည့် အသေးစား ဗုံးပေါက်ကွဲမှုကို စစ်ဆေးနေသည့် အင်ဒို ရဲ့အရာရှိများ
PHOTO: Wahyudi Soeriaatmadja

သြဂုတ်လ- ၅ရက်- ၂၀၁၃
M-Media

ယမန်နေ့ညနေပိုင်းက ဂျကာတာအနောက်ဘက်ရှိ ဣိကယန ၀ီဟာရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရပြီး အဆောက်အဦ အစိတ်အပိုင်းအချို့ ပျက်ဆီးခဲ့သည်။ ထိုကျောင်းကို ၁၉၉၅ ၌ အနီးအပါးမှ ဗုဒ္ဓဘာသာကျောင်းသားများအတွက် ရည်စူးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဂျကာတာအနောက်ပိုင်း ရဲအကြီးအမှူး ဖာဒီလ်အိမ်ရားန်ကမူ သက်သေခံများ၏ ပြောကြားချက် အရ ကျောင်း အတွင်းမှ ပေါက်ကွဲမှု အသံနှစ်ခုကို ကြားခဲ့ရကြောင်း ပြောပြသည်။

“သူတို့ကတော့ အဆောက်အဦထဲမှာ ဗုံးကို သီးသန့်ထည့်ထားတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ သတင်းအချက်တွေ စုဆောင်းနေပါတယ်။” လို့ သူက ဂျကာတာပို့စ်သို့ ပြောပြသည်။

ပထမပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ၉.၁၀ (ညဘက်) တွင်ဖြစ်ပြီး ဒုတိယပေါက်ကွဲမှုမှာ ၁၀.၄၅ (ညဘက်) တွင် ဖြစ်ကြောင်း၊ ည ၁၂ အချိန်ထိ ရဲများက ကျောင်းဝင်းအတွင်း အခြားဗုံးများရှိမရှိစစ်ဆေးခဲ့ကြောင်း၊ ဧပြီလကတည်းက မွတ်စလင် အစွန်းရောက်များက ဗုဒ္ဓဘာသာနှင့် မြန်မာပိုင် ပစ္စည်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အစီအစဉ် ရှိနေခဲ့ကြောင်း၊ ယင်းမှာ မြန်မာပြည်တွင်း ဖြစ်ပျက်နေသည့် လူမျိုးဘာသာရေး အကြမ်းဖက်မှုများ အတွက် လက်တုန့်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အင်ဒိုကမူ ဘာလီ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကတည်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးကို စစ်ဆင်ရေး တစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း ဂျကာတာပို့စ်က တင်ပြသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုန်းကြီးကျောင်းမှာ ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းများမှ တခုဖြစ်မည်ဟု ယူဆရပါသည်။ ဒဏ်ရာ ရရှိသူ အရေအတွက်ကို ဂျကာတာပိုစ်မှ ၃ ယောက်ဟု ဖော်ပြခဲ့ပြီး စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ် တွင်မူ ဒဏ်ရာရရှိသူ တစ်ဦးဖြစ်ပြီး ပေါက်ကွဲမှုမှာ အသေးစားပေါက်ကွဲမှုတခုဖြစ်ကြောင်း စထရိတ်တိုင်းမ်ရဲ့ ဂျာကာတာအခြေစိုက် သတင်းထောက်ရဲ့ တင်ပြချက်ကို ဖော်ပြထားရှိပါသည်။

↧
Viewing all 15233 articles
Browse latest View live